Tuesday, November 26, 2013

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲပြုလုပ်

ဟိုပုံး၊ နိုဝင်ဘာလ (၂၇) ရက်၊ ၂၀၁၃ ခုနှစ်
သတင်း / ဓါတ်ပုံ - ခွန်မျိုးထွန်း

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေသည် ပြည်ထောင်စုလွှတ်တော်မှ ခွဲဝေ ပေးထားသော မြို့နယ်ဖွံ့ဖြိုးရေး ရံပုံငွေ ကျပ်သိန်း (၁၀၀၀) ကို ဟိုပုံးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် အတွက် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ၊ ဟိုပုံးမြို့နယ် ဖွံ့ဖြိုးရေး ထောက်ကူ ကော်မတီအဖွဲ့ဝင်များနှင့် ဟိုပုံးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
သတင်း / ဓါတ်ပုံ - ခွန်မျိုးထွန်း


Powered by Blogger.