Sunday, December 1, 2013

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတွင် ဒါန-ရှေ့ ဆောင်မြန်မာ (COM) မှ နိုင်ငံရေးပါတီများ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ဒီဇင်ဘာလ (၂)ရက်၊ ၂၀၁၃ ခုနှစ်


ဒီကနေ့ (၂.၁၂.၂၀၁၃)့ နံနက်(၉)နာရီအချိန်မှစ၍ ဒါန-ရှေ့ ဆောင် မြန်မာ (Charity-Oriented Myanmar) မှ ကြီးမှူးပြီး နိုင်ငံရေးပါတီများစွမ်းရည်မြှင့် သင်တန်းကို ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် (PNO) - ဗဟို အစည်းအဝေး ခန်းမဆောင်တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။ သင်တန်း၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးပါတီများ ဥပဒေနှင့် နိုင်ငံရေး ဗဟုသုတများ နားလည်မှု တိုးပွားလာစေရန် အတွက် ရည်ရွယ်ကြောင်း ဥပဒေနှင့် နိုင်ငံရေး အကြံပေး ဆရာဦးခင်ဝင်း  မှအဖွင့်အမှာစကား ပြောကြားသွားပါသည်။


နိုင်ငံရေးပါတီများ၊ ရှမ်းပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးများ ရင်းနှီးမှုများ ပိုမိုနက်ရှိုင်း စေရန်အတွက် ဖိတ်ကြားခြင်း ဖြစ်ကြောင်း၊ အခြား တိုင်းရင်းသားပါတီ အဖွဲ့အစည်းရုံးများတွင်လည်း အလှည့်ကျ ဖွင့်လှစ်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး(၂) ဦးခွန်လာမှ သင်တန်းအဖွင့်အမှာစကား ပြောကြားသွားပါသည်။

ဒါန-ရှေ့ ဆောင်မြန်မာ စီမံချက် ဒါရိုက်တာ ဒေါ်နွေးနွေးထွန်း မှ ဤစွမ်းရည်မြှင့်သင်တန်းကို ၂၀၁၃-ခု၊ ဒီဇင်ဘာလ(၂)ရက်မှ (၁၂)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဤ နိုင်ငံရေးပါတီများ စွမ်းရည်မြင့် သင်တန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ (USDP)၊ ဓနုအမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်(PNO) စသည့် ပါတီများမှ ကိုယ်စားလှယ် (၄၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်မေးလို့ (တောင်ကြီး)






Powered by Blogger.