Tuesday, February 4, 2014

ဦးခွန်သိန်းဖေ ၊ ဟိုပုန်းမဲဆန္ဒနယ် မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့လွှတ်တော် ကို ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခြင်း

 တောင်ကြီး၊ ၂၀၁၄ ခုနှစ် ၊ ဖေဖော်ဝါရီ( ၄ ) ရက်

ပထမအကြိမ် ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေးတွင် အောက်ပါမေးခွန်းကို မေးမြန်းလိုပါသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်သည် နိုင်ငံ၏ကျက်သရေဆောင် ကမ္ဘာကျော် အင်းလေးကန်ကြီး တည်ရှိရာမြို့နယ် ဖြစ်ပါသည်။ ညောင်ရွှေမြို့နယ် အရှေ့ဘက် တောင်တန်းကြီးသည် အင်းလေးကန်၏အလှကို ပိုမိုအသက်ဝင်စေပြီး အင်းလေးကန် သာယာလှပရေး၊ စိမ်းလန်းစိုပြေရေး အတွက် အရေးကြီးလှသည့် ရေဝေရေလဲ ဧရိယာလည်းဖြစ်ပါသည်။ အဆိုပါတောင်တန်းပေါ်တွင် ပအိုဝ်းတိုင်းရင်းသားများ အများဆုံး နေထိုင်လျှက်ရှိပြီး တောင်ခြေပိုင်းတွင် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျှက်ရှိပါသည်။ အဆိုပါ တောင်တန်းပေါ်ရှိ ကျေးရွာများမှ ပြည်သူများသည် ညောင်ရွှေဈေး၊ မိုင်းသောက်ဈေး၊ နမ့်ပန်ဈေး၊ သလဲဦးဈေးများကို အဓိက မှီခိုအားထားလျှက်ရှိရာ အဆိုပါဈေးများသို့ သွားလာရာတွင်လည်းကောင်း၊ တစ်ရွာနှင့်တစ်ရွာ ကူးလူးဆက်ဆံရာတွင်လည်းကောင်း၊ ၄င်းတို့ကိုယ်တိုင် ဖေါက်လုပ်ထားသည့် ကိုယ်ထူကိုယ်ထ လမ်းများဖြင့်သာ ခက်ခဲစွာ ဆက်သွယ်သွားလာရလျှက် ရှိပါသည်။
    သို့ဖြစ်ပါ၍ ညောင်ရွှေ အရှေ့ဘက် တောင်တန်းများပေါ်ရှိ ကျေးရွာအုပ်စု (၃) အုပ်စုအတွင်းရှိ ကျေးရွာများ ဆက်သွယ်သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ညောင်ရွှေ - လွယ်ခေါ် - အင်းနီ - သပြေကုန်း - သလဲဦး (၂၀) မိုင်ကို နိုင်ငံတော်မှ မြေသားလမ်း ဖေါက်လုပ်ပေးနိုင်ပါရန်နှင့် ဖေါက်လုပ်ပေးမည့် အစီအစဉ်ကို သိရှိလိုပါ၍ ပြည်သူများ၏ ဆန္ဒအရ ဤမေးခွန်းကို လေးစားစွာဖြင့် မေးမြန်းအပ်ပါသည်။
Powered by Blogger.