Sunday, February 16, 2014

(PYN) အဖွဲ့ ပညာဒါန အိင်္ဂလိပ်စာ နှင့် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၇) ရက်
ပင်လောင်းမြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့သည် (၁၃.၁.၂၀၁၄ မှ ၁၅.၂.၂၀၁၄) ထိ အိင်္ဂလိပ်စာ နှင့် ယဉ်ကျေးလိမ္မာ သင်တန်းကို ပင်လောင်းမြို့နယ် ၊ တ၀ီးမွူးရပ်ကွက် ၊ မြသိန်းတန် စာသင်တိုက်တွင် (၁) လကြာ သင်တန်းကို အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ ပြီး သင်တန်းဆင်းပွဲ ကို (၁၆.၂.၂၀၁၄) တွင်အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ယင်းသင်တန်းကို ပင်လောင်းမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့ဝင်များ၊ စိတ်ဝင်စားသော ဒေသခံ များ သင်တန်းသား စုစုပေါင်း (၆၀၀) ကျော်တက်ရောက်ပြီး အရှင်ဝါရိန်၊ အရှင်ဓမ္မသာမိ နှင့် အရှင် အဂ္ဂဇရိယ တို့ မှ နံနက် (၉) နာရီ မှ ညနေ (၄) နာရီထိ ပို့ချပေးခဲ့ကြောင်း သိရှိရပါသည်။
သင်တန်းပြီးမြောက်ပြီး (၁၅.၂.၂၀၁၄) ရက်နေ့ ည နှင့် (၁၆.၂.၂၀၁၄) နံနက်ပိုင်းနှင့် ညတွင် ပအိုဝ်းရိုးရာ အက ဖြင့် လည်းကောင်း တေးသီချင်းများဖြင့်လည်းကောင်း ဒေသခံမိဘပြည်သူများ နှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားကို မွန်းလွဲ ( ၁၂း ၃၀ ) ချိန်တွင် ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသော လွှတ်တော် ကိုယ်စားလှယ်များ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင်ရဒေသ ဦးစီးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ နှင့် အခြားအဖွဲ့အစည်းများ ဒေသခံမိဘပြည်သူများ စုစုပေါင်း အင်အား (၁၅၀၀) ခန့်တက်ရောက်ပြီး ၊ မြသိန်းတန် ဆရာတော် မှ သြ၀ါဒ မွက်ကြားခြင်း၊ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီ ဥက္ကဌ ဦးခွန်စံလွင် အမျိုးသား လွှတ်တော်ကိုယ် အမတ် ဦးနေ၀င်းထွန်း၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခွန်သိန်းဖေ ၊ ဦးခွန်မောင် သောင်း တို့မှ လူငယ်များ၏ အခန်းကဏ္ဏ ကမ္ဘာ နှင့် ယှဉ်ဘောင်တန်း နိုင်ရန်အတွက် ခေတ်ပညာရေစီး ကြောင်း အလိုက် လေ့လာသင်ကြားသွားစေရေးနှင့် မိမိတို့ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သော လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများ ကိုဆောင်ရွက်ပေးခဲ့သည်။ ဆက်လက် ဆောင်ရွက်သွားရမည့် အခြေအနေများ ယခင်က မြန်မာနိုင်ငံရေး အခြေအနေ နှင့် လက်ရှိ ပြုပြင်ပြောင်းလဲ နေ သော နိုင်ငံရေး အခြေအနေ နှင့် လက်ရှိပြုပြင်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများ၊ လူငယ်များအနေ ဖြင့်  စီးပွားရေးလုပ်ငန်းများ လူအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ မိမိတို့၏ ဘာသာ ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း များကိုလည်း စဉ်ဆက်မပြတ် ထိန်းသိမ်းသွားနိုင်စေရန် စသည်များ ကို ရှင်းလင်းခဲ့ပါသည်။
ပင်လောင်းမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့ဝင် ခွန်ရဲအောင် မှ အကြံပြုတင်ပြရာတွင် -
(၁)    မိမိတို့ဒေသတွင်း ပညာရေး ၀န်ထမ်းခန့်အပ်ရာတွင် ဘာသာစကား အခက်အခဲ ကြောင့် ဒေသခံဝန် ထမ်းများ ခန့်အပ်စေလိုကြောင်း၊
(၂)    ကျေးရွာနေ မိဘပြည်သူများ၊ စားဝတ်နေရေး အဆင်ပြေစေရန် တွက်ခြေကိုက်သော တရားဝင် စီးပွား ရေး ဖန်တီးပေးစေလိုကြောင်း၊
(၃) ပင်လောင်းမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN) သည် စီးပွားရေး ၊ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ အခြားသော (NGO) အဖွဲ့အစည်းများ နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း အကြံပြုတင်ပြသွားပါသည်။
ပင်လောင်းမြို့နယ် ပအိုဝ်းလူငယ် ကွန်ယက် (PYN) အဖွဲ့ရံပုံငွေ အတွက် ပတ္တမြား နဂါးကုမ္ပဏီ ဥက္ကဌ ၊ အမျိုးသားလွတ်တော် အမတ် ဦးနေ၀င်းထွန်း မှ ငွေကျပ် သိန်း (၅၀၀) လှူဒါန်းပေးခဲ့ပါသည်။
ပင်လောင်းမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN) အဖွဲ့၏ ရည်ရွယ်ချက်များ -
(၁) မိမိတို့အဖွဲ့သည် လုပ်ငန်းများ ဆောင်ရွက်ရာတွင် သံင်္ဃာတော်များ၏ သြ၀ါဒကိုခံယူပြီး၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်မှ အမျိုးသားလွတ်တော်အမတ်၊ ပြသည့်သူ့လွတ်တော်အမတ်များ ၊ ပြည်နယ်လွတ်တော်အမတ်များ နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး ဥက္ကဌ နှင့် အဖွဲ့ဝင်များ၏ အရိပ်အောက်တွင် နေထိုင်ပြီး ရပ်မိရပ်ဖ ဒေသခံပြည်သူများ၏ သြ၀ါဒ အဆုံးအမများကို ခံယူသွားမည်။
(၂) မိမိတို့အဖွဲ့သည် နိုင်ငံတော်၏ အကျိုး၊ လူမျိုးအကျိုး၊ တိုင်းရင်းသားများ အချင်းချင်း စည်းလုံးညီညွတ်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆက်သွယ်ရေးစသည့် ဖွံ့ဖြိုးရေး စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို  ဆောင်ရွက်သွားမည်။
(၃) မိမိတို့ အဖွဲ့သည် အခြားမြို့နယ် မှ မည်သည့် ကွန်ယက်အဖွဲ့ မဆို လုပ်ငန်းများ ဆောင်ရွက်ရန် ပေါ်ပေါက်လာပါက စည်းစည်းလုံးလုံးကူညီဆောင်ရွက်သွားမည်။
                                                                                                                  

                                                                                                                       K.M.T
Powered by Blogger.