Wednesday, March 26, 2014

ဒုတိယသမ္မတ(၂) ဦးညဏ်ထွန်း မှ ပအိုဝ့်(တောင်သူ)ဟု ဖော်ပြထားခြင်းကို ပအိုဝ်းဟု ဖော်ပြရန်နှင့် ရှမ်းလူမျိုးစုတွင် ထည့်သွင်း ခြင်းမပြုရန် တောင်းဆိုချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ထံသို့ မူဝါဒနှင့် အညီ ဆောင်ရွက်သွားရန်ညွှန်ကြား

တောင်ကြီး၊ ၂၀၁၄ ခုနှစ် မတ်လ (၂၆) ရက်


ပအိုဝ်းလူမျိုးတို့သည် မည်သည့် မျိုးနွယ်စုတွင် မပါဝင်ပဲ သီးခြား ရပ်တည် နေထိုင်သည့် လူမျိုး တစ်မျိုးဖြစ်ကြောင်းကို ၂၀၁၄ ခုနှစ် မတ်လ (၉) ရက် တွင် ရန်ကုန်မြို့၌ ပအိုဝ်းလူမျိုးများနှင့် သက်ဆိုင်သော အဖွဲ့အစည်း ပေါင်းစုံမှ ညှိနှိုင်း သဘောတူ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ထံသို့ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အတွက် အသုံးပြုမည့် လူမျိုးအမည်နှင့် လူမျိုးစုအား ပြန်လည် ပြင်ဆင်ပေးရန် တင်ပြတောင်းဆို ခဲ့ကြောင်း သိရှိရပါသည်၊၊

ယင်းသို့ တင်ပြတောင်းဆိုမှု အပေါ် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အတွက် အသုံးပြုမည့် ဂဏန်း သင်္ကေတ (၈၂၆) မှ ပအိုဝ့်(တောင်သူ)ဟု ဖော်ပြထားခြင်းကို ပအိုဝ်း လူမျိုးဟု ဖော်ပြရန် နှင့် ရှမ်းလူမျိုးစုတွင် ထည့်သွင်းခြင်း မပြုရန် ပအိုဝ်းအမျိုးသားခေါင်းဆောင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု(ဗဟို)၊ ပအိုဝ်းတိုင်းရင်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း အသီးသီးတို့မှ ညှိနှိုင်း သဘောတူခဲ့သဖြင့် ပအိုဝ်းလူမျိုးများကို သီးခြားလူမျိုးစု အဖြစ် သတ်မှတ်ပေးရန် တင်ပြခဲ့မှုအပေါ် ဒုတိယသမ္မတ (၂) ဦးညဏ်ထွန်းမှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနသို့ မူဝါဒနှင့် အညီ စီစစ်ဆောင်ရွက် ရန် ညွှန်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်၊၊


Powered by Blogger.