တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဇွန်လ (၄) ရက်
 |
All Photos - KMT |
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟို၊ မြို့နယ်၊ ကျေးရွာအုပ်စုတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ဆီဆိုင်မြို့နယ်၊ နားခိုက်ကျေးရွာအုပ်စု၊ ထမ်းယမ်း မျိုးဆက်သစ် လူငယ်များ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမြင်ဖွင့် သင်တန်းကို (၂၈.၅.၂၀၁၄) ရက်နေ့မှ (၂.၆.၂၀၁၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ (၂.၆.၂၀၁၄) ရက်နေ့တွင် အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၇၀၀) ကျော် တက်ရောက်သင်ကြားခဲ့ကြောင်း၊ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးခွန်ချစ်မောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးခွန်ပညာဗုတ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ပယ်၊ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ (ဗဟို) ဒု-ဥက္ကဌ ဦးခွန်မင်းကျော်၊ ပအိုဝ်းတိုင်းရင်းဆေးဆရာများ အဖွဲ့ အတွင်းရေးမှူး ဦးခွန်ကျော်စမ်း၊ ပအိုဝ်း ဓမ္မကထိကများ (ပအိုဝ်းမော်) အဖွဲ့မှ ကိုယ်စားလှယ်တစ်ဦး၊ ပအိုဝ်း သွေးလှူရှင် အဖွဲ့မှ ဦးခွန်ဝင်းမြင့်၊ သင်တန်းဆရာ ဦးခွန်ကျော်ဝင်း တို့မှ သင်တန်းသား၊ သင်တန်းသူများ နိုင်ငံရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၌ တက်ကြွစွာပါဝင်ရေးနှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေး အတွက် အသီးသီး အမှာစကားနှင့် အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရှိရပါသည်။
 |
ဦးခွန်မောင်ပယ် |
 |
ဦးခွန်မင်းကျော် |
 |
ဦးခွန်ကျော်ဝင်း |
KMT (ခွန်ဖြားဗွာခမ်း)
Like On Facebook
Follow On Twitter
Subscribe On RSS