Friday, August 8, 2014

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသိပ္ပံ/ တက္ကသိုလ် ကျောင်းဆင်း သွေးချင်းညီအစ်ကို၊ မောင်နှစ်မများ မိတ်ဆက်တွေ့ဆုံပွဲ အခမ်းအနား

တောင်ကြီး၊ ၂၀၁၄ ခုနှစ် သြဂုတ်(၈)ရက်
အဆိုပါ အခမ်းအနားကို (၃- ၈- ၂၀၁၄)၊ တနင်္ဂနွေနေ့၊ တောင်ကြီးမြို့၊ (PNO) ဗဟိုဌာနချုပ်ရုံးတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနား အစီအစဉ်ကို ဖာမွန်းကျောင်း အထက်တန်းပြ ဆရာမ နန်းလတ်လတ်ဦး က တင်ဆက်ပြီး ယင်းအခမ်းအနားတွင် သဘာပတိအနေဖြစ် ရှမ်းပြည်တောင်ပိုင်း၊ ပြန်းကြားရေးဌာနမှ ဒု- ညွန်းကြားရေးမှူး ဦးစိုင်းစံတစ်၊ လူမူကွန်ယက်ပါရမီအဖွဲ့မှ ဦးခွန်မြမောင်၊ အငြိမ်းစားဦးစိုင်းကျော်လှ  စသော ပုဂ္ဂိုလ်ကြီးများနှင့်ဖွံ့ဖြိုးရေးသိပ္ပံ/တက္ကသိုလ်ကျာင်းဆင်း သွေးချင်းညီအစ်ကို၊ မောင်နှစ်မများ စုစုပေါင်း (၄၇)ဦးတက်ရောက်ခဲ့ပါသည်။

 ထိုသို့ တွေ့ဆုံပွဲကျင်းပရခြင်းမှာ- ဖွံ့ဖြိုးရေးဆင်းများ ရှေ့လုပ်ငန်းစဉ်များကို ရှာဖွေ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ စည်းလုံးချစ်ခင်ရင်းနှီးမှုများ ဖြစ်ထွန်းစေမည့် လှုပ်ရှားမှုများ ဖြစ်ပေါ်စေရန်၊ ပိုမိုကျယ်ပြန့်သော လူမှုရေးလုပ်ငန်းနှင့် လက်လှမ်းမီစီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်လုပ်ကိုင်နိုင်ရန်၊ ရှမ်းတောင် ဖွံ့ဖြိုးရေးကျောင်းဆင်းများ၏အဖွဲ့(သို့) အသင်း ဖွဲ့စည်းထူထောင်နိုင်ရန် စသည့်တို့ဖြစ်ကြောင်း သတင်းရရှိပါသည်။
 
K.T.H.A
(ပင်လောင်း)







 







Powered by Blogger.