တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်
ငြိမ်းဖောင်ဒေးရှင်းမှ ကြီးမှူးကျင်းပသော ဒုတိယအကြိမ် MAS Alumni Forum ကို တောင်ကြီးမြို့ PNO ဗဟိုဌာနချုပ်ရုံး၌ (၃၀-၈-၂၀၁၄) စနေနေ့ တွင်ကျင်းပခဲ့ပါသည်။
အဆိုပါ Forum တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးခွန်မောင်တုတ်၊ ဦးခွန်ချစ်မောင်၊ အတွင်းရေးမှူး အထောက်အကူပြုအဖွဲ့မှ ဦးခွန်တင်ထွဋ် စသောပုဂ္ဂိုလ်များ တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၏ ရည်ရွယ်ချက်မှာ (၁) လုပ်ဖော်ဆောင်ဖက်များ၏ ပူးပေါင်း လုပ်ဆောင်နိုင်သော မဟာဗျူဟာမြောက်သော စီမံကိန်း စတင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်၊ (၂) လက်ရှိမြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး မူဘောင်သိရှိစေရန် စသည်တို့ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် ကယား၊ ကချင်၊ မွန်၊ ရှမ်း၊ ပအိုဝ်း စသော လူငယ်အသီးသီးများက မိမိ၏ရိုးရာဓလေ့နှင့် ယဉ်ကျေးမူများကို နှီးနှောဖလှယ်ခဲ့ကြပြီး၊ ဆွေးနွေးပွဲကို တက်ရောက် သောပုဂ္ဂိုလ် (၁၃၀) ဦး ရှိကြောင်း သတင်းရရှိပါသည်။
K. T. H. Aung

Like On Facebook
Follow On Twitter
Subscribe On RSS