Tuesday, October 21, 2014

၂၁.၁၀.၂၀၁၄(အင်္ဂါနေ့) တွင် ပထမအကြိမ် ပြည်သူ့လွတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဆီဆိုင် မဲဆန္ဒနယ်မှ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းကို မှ သစ်တောဝန်ကြီးဌာန နှင့် ပက်သက်သည့် မေးခွန်း မေးမြန်း

နေပြည်တော်၊ ၂၀၁၄ ခုနှစ် အောက်တိုဘာလ (၂၂) ရက်


၂၁.၁၀.၂၀၁၄(အင်္ဂါနေ့) တွင် ပထမအကြိမ် ပြည်သူ့လွတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၁) ရက်မြောက်နေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ၊ ဆီဆိုင် မဲဆန္ဒနယ်မှ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းကို မှ သစ်တောဝန်ကြီးဌာန နှင့် ပက်သက်သည့် မေးခွန်း မေးမြန်းသွားပါသည်။ မေးခွန်း၏ ရည်ရွယ်ချက်မှာ သဘာဝ ပတ်ဝန်းကျင်၊ သစ်တော ကို ချစ်မြတ်နိုးသည့် ပြည်သူများ သဘာဝ သစ်တောကို ပြုစု၊ ထိန်းသိမ်း ပျိုးထောင်ရင်း၊ ပြည်သူလည်း ၀င်ငွေရ၊ နိုင်ငံတော်လည်း တောတောင်စိမ်းလန်း  အခွန် ရစေရန်  ရည်ရွယ်သည်။
မေးခွန်း အနှစ်ချူပ်မှာ
1. ပုဂ္ဂလိက တနိုင်တပိုင် စီးပွားဖြစ် စိုက်ပျိုးခွင့် ရှိ မ ရှိ၊
2. ပုဂ္ဂလိက စိုက်ပျိုးခွင့် ပြုပေးမည့် မြေနေရာ၊ မြေအမျိုးအစား၊
3. ပုဂ္ဂလိက စိုက်ပျိုးနိုင်သည့် သစ်အမျိုးအစား
4. ပုဂ္ဂလိက စိုက်ခင်းများကို ခွင့်ပြုခြင်း၊ မှတ်ပုံတင်ခြင်း မည်သို့ ဆောင်ရွက်ရမည်၊
5. နှစ်ရှည် စီမံကိန်းဖြစ်ရန် မိမိ သစ်တောစိုက်ခင်းအား လွဲပြောင်းခြင်း၊ အမွေဆက်ဆံခြင်း ပြုပါသလား၊
6. သစ်တော စိုက်ခင်းမှ ထွက်ရှိလာမည့် သစ်အမျိုးအစားများကို နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန် အမျိုးအစား၊
7. အခွန်ဆောင်ပြီး လွပ်လပ်စွာ ရောင်းချ၊ အသုံးပြုခွင့် ရှိ မ ရှိ ကို
သစ်တောဝန်ကြီးမှ
“ပုဂ္ဂလိက သစ်တော စိုက်ပျိုး ခွင့် ရှိကြောင်း၊ အဓိက သစ်တောမဖြစ်တော့သည့် တောပျက်များမှာခွင့်ပြုကြောင်း၊ တစ်ကြိမ်လျှင် ကျွန်း ဧက ၅၀၀၊ သစ်မာ ဧက ၁၀၀၊ ခွင့်ပြုကြောင်း၊ စီးပွား ဖြစ်လုပ်လိုပါက အိတ်ဖွင့် တင်ဒါစနစ် ဖြင့် တင်ပြပါက ဧကများများကို လုပ်ထုံးလုပ်နည်းနဲ့ အညီခွင့်ပြုကြောင်း၊ သဘာဝနယ်မြေနှင့် ရေစေ ရေလဲ ဧရိယာမှာတော့ ခွင့်မပြုကြောင်း၊ လွဲပြောင်းခြင်း၊ အမွေဆက်ခံခြင်း၊ ရောင်းချခြင်းကို ခွင့်ပြု သက်တမ်းအတွင်း လုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ခွင့်ပြုကြောင်း၊ အစိုးရ သို့ တန်ဖိုး၏ ၁၀% ကို အခွန်ဆောင်ရကြောင်းနှင့် အခွန်ဆောင်ပြီး သစ်များကို သစ်တောဌာန၏ မူဝါဒများနှင့် အညီ အသုံးပြုခွင့် ရောင်းချခွင့်များပြုပါကြောင်း” ပြန်လည်ဖြေကြားသွားပါသည်။

ခွန်ဆော;၀င်,

Powered by Blogger.