၂၀၁၄-ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင်
ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO) ဗဟိုဌာနချူပ်ရုံးရှိ
ဦးခွန်တင်ထွဋ် (ရုံးအဖွဲ့မှူး) ဦးဆောင်သော ရုံးဝန်ထမ်းများနှင့်
ရွှေကျွန်းမျှောဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (တောင်ကြီးရုံး) ၀န်ထမ်းများနှင့် ခရီးသွားလမ်းညွှန်များတို့ ပူးပေါင်းပြီး
ကျောက်တလုံးမြို့ရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO)၊ နာယကကြီး
အဘဦးအောင်ခမ်းထီအား သွားရောက် ကန်တော့ ဂါရ၀ပြုခဲ့ကြောင်း သိရှိရပါသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO)၊ နာယကကြီး အဘဦးအောင်ခမ်းထီမှ ဆုံးမသြ၀ါဒစကား ပြောကြားရာတွင် “လူငယ်မောင်မယ်များ အနေဖြင့် အမျိုးသားရေး ခံယူချက်များ မှန်ကန်ရန် လိုအပ်ကြောင်း၊ လက်ရှိ အမျိုးသားရေး လုပ်ငန်းတာဝန်ဟာ လူငယ်မောင်မယ်များ ဖြစ်ကြတဲ့ သားတို့၊ သမီးတို့ အပေါ်မှာ ရောက်ရှိလို့လာပြီး ဖြစ်သည့်အတွက်ကြောင့် အမျိုးသားရေး လုပ်ငန်းတာဝန်ကို ပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်ရန် အတွက် သားတို့သမီးတို့ ဆက်ကြိုးစားကြပါ” စသဖြင့် ဗဟှိုဌာနချူပ်ရုံးရှိ ၀န်ထမ်းများနှင့် ဟိုတယ်ခရီးသွား ဧည့်လမ်းညွှန်များအား သြ၀ါဒစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခွန်ရက်ခွို,
Like On Facebook
Follow On Twitter
Subscribe On RSS