Sunday, October 19, 2014

နေပြည်တော်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လွှတ်တော်၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်


နေပြည်တော် Hotel Max တွင်၊ (၁၈.၁၀.၂၀၁၄) ရက်နေ့မှ (၁၉.၁၀.၁၄) ရက်နေ့ထိ (၂) ရက်ကြာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လွှတ်တော်၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖေါ်ရေး ကော်မတီ၊ မြန်မာ ငြိမ်းချမ်းရေးစင်တာနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။
ယခုအကြိမ် ကျင်းပခြင်းမှာ ဒုတိအကြိမ် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇူလှိုင်လတွင် ပထမအကြိမ် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် NCCT တို့ ညှိနှိုင်းမှုအရ ၂၀၁၄ ခုနှစ် မကုန်ခင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ရေး ဖြစ်ပြီး၊ တဆက်တည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်သည့် မူဘောင်လုပ်ငန်းစဉ်များ ညှိနှိုင်းရန် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စု ငြိမ်းခ်ျမ်းရေး ဆွေးနွေးပွဲများ စတင်နိုင်ရန် ရည်မှန်းထားရာ၊ ယင်းကိစ္စ အဆင်ပြေပါက ငြိမ်းချမ်းရေး အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ရေး ဆက်လက် အကောင်အထည်ဖေါ်သွားမည် ဖြစ်ပါသည်။ ယင်းကိစ္စသည် (၅) နှစ်မှ (၁၀) နှစ် အထိ ကြာနိုင်သည်ဟု ခန့်မှန်းကြပါသည်။
ယခု ငြိမ်းချမ်းရေး အတွက် အပစ်အခတ် ရပ်စဲရေးကို အဖွဲ့ (၁၆) ဖွဲ့နှင့် ဆွေးနွေးနေပြီး၊ (၁၄) ဖွဲ့မှာ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားပြီး KIO နှင့် TNLA အဖွဲ့တို့နှင့် ပြည်နယ်အဆင့် လက်မှတ် မထိုးနိုင်သေးပါ။ နောက်တစ်ခု ပြောစရာ ရှိသည်မှာ၊ ၄င်း (၁၆) ဖွဲ့ထဲမှာပင် အရေးကြီးသည့် ခေါင်းဆောင်တချို့ ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်မလာကြသေးပါ။ ဥပမာ- KIO၊ KNU တပ်မဟာ(၅)
သို့ဖြစ်ရာ Political Dialogues ဆောင်ရွက်ရန် ဖြစ်နိုင်ချေမှာ နောင်အစိုးရလက်ထက် (သက်တမ်း) တွင်မှ ဖြစ်နိုင်တော့မည်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အချိန်ကြာလာသည်နှင့်အမျှ ပိုမိုခက်ခဲနိုင်သည့် သဘောရှိရာ၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှ ဘတ်ဂျက်အားနည်းခြင်း၊ နိုင်ငံတကာမှ ပံ့ပိုးကူညီမှုလည်း ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ကူညီမှုနှင့် ယှဉ်လျှင် မြန်မာသည် အနည်းဆုံး (အနဲအကျဉ်း) သာ ရရှိခြင်းတို့ကြောင့် မိမိ နိုင်ငံ၏ အနေအထား အရလည်း ဘတ်ဂျက်အားနည်းနေရာ ပါဝင်ပတ်သက်သူ အားလုံးက နိုင်ငံချစ်စိတ်၊ ပြည်သူကို ချစ်တဲ့စိတ်ကို အရင်းခံပြီး မိမိတို့၏ ကိုယ်ကျိုးအတ္တကို စွန့်ပယ်ကာ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသ၍ ကြိုးစားကြရန် လိုအပ်လှပါကြောင်း သုံးသပ်မိပါသည်။

ခွန်ဆော;၀င်,
Powered by Blogger.