Thursday, December 11, 2014
ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဦးအောင်ခမ်းထီခရီးစဉ်
တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်
    ၈-၁၂-၂၀၁၄ ရက်နေ့တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဦးအောင်ခမ်းထီ၊ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးခွန်သိန်းဖေ၊ ဦးခွန်မြင့်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၊ ပြည်နယ်ဘဏ္ဍရေးဝန်ကြီး ဦးခွန်သိန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသအဖွဲ့ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့များသည် ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု ကောင်ပန်တန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေချွန်ဆုပေးပွဲနှင့် ကျောင်းဆောင်သစ်ဖွင့်ပွဲ၊ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနာသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
    ဆက်လက်ပြီး ဦးခွန်သိန်းမောင်မှ ကျောင်းသုံးကွန်ပျူတာနှင့် ပစ္စည်းများလှူဒါန်းပြီး၊ ဗိုလ်မှူးကြီးအောင်သူမှ ကျောင်းဖွံ့ဖြိုးရေးအတွက် ငွေကျပ်(၁၀)သိန်း လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီးဦးအောင်ခမ်းထီနှင့် အထက်ပါလူကြီးမင်းများသည် ဆီဆိုင်မြို့နယ် လွယ်ထွယ်ကျေးရွာရှိ ဘာဂျီးနီးယားဆေးရွက်ကြီး စိုက်ပျိုးအောင်မြင်မူများကို လိုက်လံကြည်ရူ့ပြီး လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းအခမ်းအနားတွင် ဘာဂျီးနီးယားဆေးရွက်ကြီးစိုက်ပျိုးပုံ အဆင့်ဆင့်ကို တာဝန်ရှိပုဂ္ဂိုလ်မှ ရှင်းလင်းတင်ပြပြီး၊ ဦးအောင်ခမ်းထီမှ လွယ်ထွယ်ကျေးရွာနှင့် ပတ်ဝန်းကျင်ရှိ ပြည်သူလူထုများအား သြ၀ါဒစကား ပြောကြားရာတွင် ဘိန်းအစားထိုး စီးပွားဖြစ်ဆေးရွက်ကြီး စိုက်ပျိုးသွားကြရန်နှင့် သားသမီးများအား ပညာရေးအားပေးသွားကြရန်၊ စည်းစည်းလုံးလုံးနေထိုင်သွားကြရန် အကျယ်တ၀င့် သြ၀ါဒစကား ပြောကြားခဲ့ကြောင်းသိရှိရပါသည်။
ခွန်မျိုးထွန်း
Powered by Blogger.