Wednesday, December 17, 2014
ပင်လောင်းမြို့နယ်၊ ပင်သာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် သင်တန်းနည်းပြဆရာ/ဆရာမ များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနား
တောင်ကြီး၊ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက် 
   ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်မှ ဦးစီးကျင်းပသော သင်တန်းနည်းပြဆရာ/ဆရာမ များအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ ပင်သာကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
     အခမ်းအနားသို့ ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း၊ စန္တာခမ်းမှ ခမ်းဗွေ ဗိုလ်မှူးကြီးခွန်ဂျိုးဇက်၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမူ(ဗဟို) ဒုဥက္ကဋ္ဌဦးခွန်မင်းကျော်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ် (PNO) ဗဟိုဌာနချူပ်ရုံးမှ ဦးခွန်ပညာဗုတ်၊ လေ့ကျင့်ရေးပညာပေးရေးဌာနရှိ ဆရာစောခွန်ကျော်ဝင်းနှင့် ရုံးဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ ၄င်းအခမ်းအနားတွင် ဗိုလ်မှူးကြီးခွန်ဂျိုးဇက်၊ ဦးခွန်မောင်သောင်း၊ ဦးခွန်ပညာဗုတ်၊ ဦးခွန်မင်းကျော်တို့မှ အမှာစကားပြောကြားခဲ့ပြီး ဆရာစောခွန်ကျော်ဝင်းမှ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများကို တင်ပြခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချူပ်(PNO)ဗဟိုဌာချူပ်ရုံးမှ ပင်လောင်းမြို့နယ်အတွင်း မျိုးဆက်သစ်လူငယ်များအား စွမ်းရည်မြှင့်သင်တန်းပြန်မည်ပို့ချပေးခဲ့သော သင်တန်းနည်းပြဆရာ/ဆရာမ များအား ဂုဏ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ခွန်ခမ်းမိုးဦး
Powered by Blogger.