Monday, January 12, 2015

၂၀၁၄-၂၀၁၅ ခုနှစ် (၁၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲနှင့် ကျောက်တလုံးကြီးဒေသ ဥက္ကဌဖလား ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်




၂၀၁၄-ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့မှ စတင်ကျင်းပခဲ့သော (၁၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲနှင့် ကျောက်တလုံးကြီးဒေသ ဥက္ကဌဖလား ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၁၂) ရက်နေ့တွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ပါသည်။ နောက်ဆုံဗိုလ်လုပွဲအဖြစ် နံနက်ပိုင်းတွင် တနွိုင်ဝန်းဘောလုံးအသင်းနှင့် ပုံလောဝ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် တနွိုင်ဝန်းဘောလုံးအသင်းက ၃-၀ ဖြစ် အနိုင်ရဗိုလ်စွဲခဲ့ပြီး၊ နေ့လည်ခင်းပိုင်းတွင် အကြီးတန်းဘောလုံးပွဲစဉ်အဖြစ် ဖလာမင်ဂိုအသင်းနှင့် သထုံတန်အသင်းတို့ ယဉ်ပြိုင်ကစားရာတွင် ဖလာမင်ဂိုအသင်းက ၁-၀ ဖြစ် အနိုင်ရဗိုလ်စွဲခဲ့ပြီး ဘောလုံးပွဲ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
ခွန်အောင်မျိုးဦး


Powered by Blogger.