Thursday, January 8, 2015

တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ညို့မီးကျေးရွာတွင် အခြေခံပညာမူလတန်ကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၉) ရက်




၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီ(၆)ရက်၊ အင်္ဂါနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ ညို့မီးကျေးရွာတွင် ညို့မီး-အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ပြုလုပ်ကျင်းပခဲ့ပါသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသော ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်၊ နတလ၊ ပြည်နယ်ပညာရေးညွန်ကြားရေးမှူး၊ နိပွန်ဖောင်ဒေးရှင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ လူကြီးမင်းများက  အမှတ်(၁၄၇)၊ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင် သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍  ဌာနဆိုင်ရာအကြီးအကဲများနှင့် နိပွန်ဖောင်  ဒေးရှင်း(စေတနာ)အဖွဲ့တို့မှ အမှတ်တရ သစ်ပင်စိုက်ပျိုး စုပေါင်း ဓာတ်ပုံရိုက်ကူးပြီး ကျောင်း ဆောင်သစ်အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။



ထိုနောက် အခမ်းအနားတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေးမှူး ဦးကိုကိုနိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ် ပညာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်၊ နိပွန်ဖောင်ဒေးရှင်းမှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်အေးအေးသန်း တို့မှ အသီးအသီး အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒေသဖွံဖြိုးတိုးတက်ရေးကော်မတီသို့ ဒေသဖွံ့ဖြိုးရေးရံပုံငွေပေးအပ်ခြင်း၊ နတလ နှင့်စေတနာ အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ တက်ရောက်လာသော လူကြီးမင်းများအား အလံများ ပေးအပ်ခြင်း၊ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ပါသည်။
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း(စေတနာ)အဖွဲ့တို့ ပူးပေါင်းဆောက်လုပ်သော အမှတ်(၁၄၇)၊ညို့မီး- အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ကို ၂၀၁၄ခုနှစ်၊ မေလ(၉)ရက်နေ့တွင် စတင်ဆောက်လုပ်ပြီး၊   နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ဆောက်လုပ်မှုပြီးစီး အောင်မြင်ခဲ့ပါကြောင်း၊
 စုစုပေါင်း ကုန်ကျ စရိတ်မှာ (၄၂၆) သိန်းကျော် ရှိကြောင်း သိရှိရပါသည်။

ခွန်ထင်;လေအောင်;

   
   
   
   
   
Powered by Blogger.