Wednesday, January 7, 2015

တောင်ကြီးခရိုင်၊ မြေယာဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇန်န၀ါရီလ (၈) ရက်


PNA-အသွင်ပြောင်းဌာနေပြည်သူ့စစ် မြေသိမ်းဆန္ဒထုတ်ဖော်ပွဲကို (၈.၁.၂၀၁၅) ရက်နေ့၊ တောင်ကြီးမြို့တွင် ပြုလုပ်ဆန္ဒထုတ်ဖော်သည်ဟု သတင်းရရှိပါသည်။ ဦးဆောင်သူမှာ ဦးတင်မောင်တိုး (NLD) တောင်ကြီးခရိုင်ဖြစ်ကြောင်း၊ လူအင်အားမှာ (၄၀၀) ဦးဝန်းကျင် ရှိပါသည်။ ဆန္ဒထုတ်ဖော်သူများမှာ တောင်ကြီးခရိုင်အတွင်း မြေသိမ်းခံရသည်ဟု ယူဆရသော လူထုများဖြစ်သည်ဟု သိရှိရပါသည်။ ဆန္ဒပြချီတက်ပြီးလျှင် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အောင်မြေဘုံစံကျောင်းတိုက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်သည်။ ဆန္ဒပြ တောင်းဆိုချက်များမှာ မြေလုယူရောင်းစားမူများ ချက်ချင်းရပ်၊ မြေသိမ်း (PNO/PNA) အလိုမရှိ၊ ဒို့ရဲ့မြေယာ ဒို့ပိုင်ရမည်၊ ပြည်သူဆန္ဒ အောင်ရမည် ဟု သိရှိရပါသည်။ ဒါပေမဲ့ ဆန္ဒပြတောင်းဆိုသူများကို ကြည့်လျှင် တောင်းဆိုချက်များနှင့် တောင်းဆိုခံသူများ ကွဲလွဲသည်ကို တွေ့ရှိရပါသည်။ ဥပမာအားဖြင့် ဆီဆိုင်မြို့နယ် ဆန္ဒပြတောင်းဆိုချက်များမှာ PNA-အသွင်ပြောင်းဌာနေပြည်သူ့စစ်နှင့် လုံးလုံးမသက်ဆိုင်သော မြေယာကိစ္စများ ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် မိမိတို့ တိုင်းရင်းသားအချင်းချင်း သွေးစည်ညီညွတ်မူ ပြိုကွဲရန် မြေယာအမူအခင်း အကြောင်းပြု၍ အဖွဲ့အစည်း/ပါတီကြီး တခုခုမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း တွေ့ရှိ သုံးသပ်ရပါသည်။
နဂါ,ပိုခို

Powered by Blogger.