တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၈) ရက်
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကမ္ဘောဇဘဏ်ခွဲဖွင့်လှစ်ပြီဖြစ်ကြောင်း သိရှိရပါသည်။
ဟိုပုံမြို့တွင် ကမ္ဘောဇဘဏ်ခွဲ ဖွင့်လှစ်ထားရှိခြင်းရည်ရွယ်ချက်မှာ ဒေသခံပြည်သူများ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများမှ အလွယ်တကူငွေလွှဲ ငွေစုနိုင်ရန် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကမ္ဘောဇဘဏ်ခွဲ ဖွင့်လှစ်ရာတွင် ဟိုပုံးမြို့အပါအ၀င် ဘဏ်ခွဲပေါင်း (၃၀၀) ကျော်ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
နန်းဦးခမ်း
Like On Facebook
Follow On Twitter
Subscribe On RSS