Thursday, March 19, 2015

ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်၏ စီမံကိန်းနှင့် ဘတ်ဂျက် (အရအသုံး) တွေကို အဓိကတာဝန်ယူ စစ်ဆေးနေရသော ပြည်သူ့လွှတ်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ( International IDEA) International Institute For Democracy and Electoral Assistance အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၁၉) ရက်


၂၀၁၅-ခုနှစ်၊ မတ်လ (၁၈) ရက်၊ ညနေ (၄) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်မှ နိုင်ငံတော်၏ စီမံကိန်းနှင့် ဘတ်ဂျက် (အရအသုံး) တွေကို အဓိကတာဝန်ယူ စစ်ဆေးနေရသော ပြည်သူ့လွှတ်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ( International IDEA) International Institute For Democracy and Electoral Assistance အဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတော်၏ ဘတ်ဂျက်များ ပြည်သူအတွက် ထိရောက်စွာ အကျိုးရှိစေရန်နှင့် အလေအလွင့်များ လျော့ချနိုင်ရန် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေနွေးခဲ့ကြောင်း သိရှိရပါသည်။

ဆော်;၀င်,
Powered by Blogger.