Monday, March 23, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ (၅) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်း အခမ်းအနား

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မတ်လ (၂၃) ရက်





၂၀၁၅-ခုနှစ်၊ မတ်လ (၂၃) ရက်နေ့၊  တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (ဒဲဉ်သီးဗွေကွင်း) တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၏ (၅) နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယကကြီး ဦးအောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဋ္ဌဦးခွန်စံလွင်မှ ကြိုဆိုနူတ်ခွန်းဆက် စကားပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ တောင်ပေါ်၊ မြေပြန့် မြို့နယ်အသီးသီးမှ  ကိုယ်စားလှယ်များက ၄င်းတို့မြို့နယ်၏ လုပ်ငန်းဆောင်ရွက်ချက်၊ လိုအပ်ချက်နှင့် အကြံပြုချက်များကို တင်ပြဆွေးနွေးသွားပါသည်။ ၄င်းတင်ပြဆွေးနွေးချက်များကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒုဥက္ကဋ္ဌဦးခွန်ဝင်းကိုမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး နာယကကြီးဦခွန်မောင်တုတ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်မျိုးဦး

Powered by Blogger.