Tuesday, May 26, 2015

ရွှေစားပွဲဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ လေ့ကျင့်သင်ကြားရေးကျောင်းမှ သင်တန်းသားများအား အင်တာဗျူးလာရောက်တွေ့ဆုံမေးမြန်းခြင်း

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၂၆) ရက်








၂၀၁၅-ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့်ရွှေစားပွဲဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာလေ့ကျင့်သင်ကြားရေးကျောင်းတို့ပူးပေါင်းပြီး ရှမ်းပြည်နယ်အတွင်းရှိတိုင်းရင်းသားမောင်မယ်များ အသက်မွေးဝမ်းကျောင်းပညာ တတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းသူ/သားများအားအင်တာဗျူးမေးမြန်းရွေးချယ်ခဲ့ပါသည်။
အဆိုပါ ရွှေစားပွဲဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာလေ့ကျင့်သင်ကြားရေးကျောင်းသည် သင်တန်းသူ/သားများကို နှစ်စဉ်ခေါ်ယူမည်ဖြစ်ပြီးရွေးချယ်ခြင်းခံရသောလူငယ်များကိုရန်ကုန်မြို့ရှိ   ရွှေစားပွဲဟိုတယ် နှင့် စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာလေ့ကျင့်သင်ကြားရေးကျောင်း(SSB)တွင် (၁-၈-၂၀၁၅) မှစတင်ကာသင်တန်းကို (၁၁)လကြာအခမဲ့ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားမောင်မယ်များစုစုပေါင်း (၁၂)ဦးအင်တာဗျူးလာရောက် ဖြေဆိုခဲ့ကြောင်းသိရှိရပါသည်။

 ခွန်မွူးရောင်း
Powered by Blogger.