Monday, May 25, 2015

ရှမ်းလက်နက်ကိုင် RCSS\SSA ရွက်စစ်လက်အောက်ခံအဖွဲ့ငယ် နန္တောဦးစီးအဖွဲ့မှ ကျေးရွာလူထုများအား အတင်းအဓမ္မလူစုစည်ခြင်း

 တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ မေလ (၂၅) ရက်



၁၉.၅.၂၀၁၅ ရက်နေ့တွင် RCSS/SSA ရွက်စစ်လက်အောက်ခံအဖွဲ့ငယ် နန္တောဦးစီးအဖွဲ့မှ နမ့်စန်မြို့နယ်ပိန်းဆည်ကျေးရွာအုပ်စုမှ တာဝန်ရှိကျေးရွာကော်မတီလူကြီးများအား နောင်ဗိုဈေးကုန်းရွာသို့ စုစည်းခေါ်ယူတွေ့ဆုံပါသည်။ ထိုသို့ရောက်ရှိလာသော ကျေးရွာကော်မတီ လူကြိးများအား RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်မှ ပေးပိုထားသောညွန်ကြားချက်အမိန်များကို ထုတ်ပြပြီး ကျေးရွာအသီးသီးရှိသော အသက်(၁၈)မှ(၅၀)ကြားယောကျာ်းများအား စစ်သင်တန်းပေးမည်ဖြစ်ကြောင်း နှင့် (၂၂.၅.၂၀၁၅)ရက်နေ့ တွင် ၄င်းတို့သတ်မှတ်ထားသောနေရာကို နံနက် (၉) နာရီအချိန်တွင် အရောက်ပို့ပေးရန်ဖြစ်ပြီး ပေးပိုခြင်း မရှိပါက ၄င်း နန္တောကိုယ်တိုင် ရွာတွင်းဝင်ရောက်ဖမ်းစီးခေါ်ဆောင်သွားမည်ဖြစ်သည်ဟု ခြိမ်းခြောက်ပြော ဆိုသွားသည်။
ပိန်းဆည်ကျေးရွာအုပ်စုရှိ ကျေးရွာများမှာ နောင်ဗိုကျေးရွာ၊ နောင်ဗို(ဈေးကုန်း)၊ လိုင်းခါးကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဥမာန်ကျေးရွာ၊ နောင်လေးကျေးရွာ၊ ဟိုးနားကျေးရွာ၊ယာဆောင်ကျေးရွာ၊ ၀မ်ခိုင်းကျေးရွာ တိုဖြစ်ပါသည်။ ဖော်ပြထားသော အထက်ကျေးရွာများအနက် နောင်ဗိုကျေးရွာကို အရွယ်မှန် ယောကျာ်းသား (၃၀) ဦး၏ အမည်စာရင်းများ၊ နောင်ဗို(ဈေးကုန်း)ကျေးရွာကို အရွယ်မှန် ယောက်ျားသား (၂၉)ဥိး၏ အမည်စာရင်းများနှင့် ညောင်ပင်သာကျေးရွာကို အရွယ်မှန် ယောကျာ်းသား(၆)ဦး၏ အမည်စာရင်းအသီးသီးဖြင့် ထုတ်ဖော်ပြောဆိုသွားသည်။
ထိုသတင်းကိုကြားရသော စာရင်းပါရွာသားများသည် ကြောက်ရွံစိတ်ဖြင့် မေလ ၂၀ ရက်နေ့တွင် မိမိတို့ရွာတွင် မနေ၀ံတော့ဘဲ ရွာမှတိမ်းရှောင်ထွက်ပြေးကြပါသည်။ ထို့သို့ ထွက်ပြေးသွားသူများအနက် လိုင်းခါးရွာသား ၄ ဥိးကို လုံချိန်ကျေးရွာအရှေ့ဘက်တွင် RCSS/SSA အဖွဲ့မှ တားဆီး ဖမ်းဆီးထားခြင်းခံရ သေးကြောင်း သိရှိပါသည်။ထို့အပြင် အသက်၁၈ နှင့် ၅၀ ကြား အမျိုးသားများသည် ရွာတွင်မနေ၀ဲ့တော့ဘဲ ရုန်းရင်းဆန်ခတ်ဖြင့်ကာ နီးစပ်ရာကိုယ်စီဖြင့် ထွက်ပြေးနေကြရပါသည်။ ကျေးရွာအသီးသီးမှ ထွက်ပြေးလာ သူများမှာ လိုင်းခါးကျေးရွာသား ၃၅ဦးက ကောင်းဆိုင်းရွာသို့လည်းကောင်း၊ ကျန် ၃၀ ဦးမှာမီးရထားဖြင့် နမ့်စန်သို့ ည(၁၁)နာရီအချိန်တွင် ရောက်ရှိပြီး နမ့်စန့်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဆက်ဆံရေးရုံးခွဲတွင် (၁၀) ဦး၊ နမ့်စန်မြို့ဦးမောင်သိန်းအိမ်တွင် ၁၀ ဦး၊ နမ့်စန်ဦးလောအိမ်တွင် (၁၀)ဦး အသီးအသီးတည်းခိုနေကြရပြီး အချို့မှာ ခင်မင်ရာနီးစပ်ရာ အိမ်များတွင် ၀င်ရောက်တည်းခိုကြရပါသည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အစည်အစဉ်ဖြင့် အချို့သောကျေးရွာများကို နမ့်စန်အောင်ဇမ္မူဘုန်းတောင်ကြီးကျောင်းတွင် တည်းခိုရန်နေရာများ စီစဉ်ပေးခဲ့သည်။ အချို့ကျေးရွာများမှ ထွက်ပြေးလာသော ရွာသားများ(၂၀၀)ဦး နီးပါးသည်လည်း ဟိုပုံးကိုရင်လေးကျောင်းတွင် လာရောက်တည်ခိုနေရကြောင်းလည်း သတင်းရရှိပါသည်။
ယခုမိုးဦးကျနေ့သည့်အချိန်တွင် စိုက်ပျိုးရေးလုပ်ငန်းများသည် အရေးကြီးသည့်အချိန်ဖြစ်နေ၍ ကျေးရွာတိုင်းတွင် ၄င်း RCSS/SSA အဖွဲ့ကြောင့် လူကော်စိတ်ပါ ဒုက္ခရောက်နေရကြောင်း ဒေသခံတစ်ဦးကဆိုပါသည်။ ထိုအပြင် ၄င်းရှမ်းအဖွဲ့သည် မိမိတို့ပအိုဝ်းလူမျိုးများ၊ ပအိုဝ်းတိုင်းရင်းသားအဖွဲ့အစည်းဖြစ်သော ပအိုဝ်းအမျိုးသားတပ်မတော်(PNA)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချု့ပ်(PNO) ပါတီများကို ပွန်ချောင်းအရှေ့ဘက်တွင်မရှိစေလိုသော ဆန္ဒများရှိနေသည်မှာ ထင်ရှားကြောင်းဟု ဒေသခံတစ်ဦးက ဆက်လက် ပြောကြားပါသည်။
 
BY ခွန်ရဲုင်းဗန်
Powered by Blogger.