Monday, July 20, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ပြုရန် အစည်းဝေးပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၁) ရက်




၂၀-၇-၂၀၁၅ ခုနှစ်၊ တနင်္လာနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ပြုရန် ပအိုဝ်းအမျိုးသား ဂီတအနုပညာအဖွဲ့သားများ အစည်းဝေးပွဲအခမ်းအနားပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ ဦးခွန်မောင်တုတ် မှ အဖွင့်အမှာစကားပြောကြားပြီး ဆက်လက်၍ ဟိုပုံးမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးခွန်စံလွင်မှ  ပအိုဝ်းအမျိုးသားသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ရန် ပအိုဝ်းအမျိုးသားတေးသီချင်းကို ပအိုဝ်းတစ်မျိုးသားလုံးအတွက် အာဇာနည်အမျိုးသား မျိုးချစ်စိတ်ဓာတ်ဖြစ်ထွန်းပေါ်ပေါက်လာစေရန်နှင့် ပအိုဝ်းအမျိုးသားတေးသီချင်းကို ပအိုဝ်းလူမျိုးအားလုံး ကိုယ်စီတတ်မြှောက်လာစေရန်  အားပေးအမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ပအိုဝ်းတစ်မျိုးသားလုံးအတွက် ပအိုဝ်းအမျိုးသားတေးသီချင်းကို အသစ်ပြန်လည်ထပ်မံအတည်ပြုရန်နှင့် ပတ်သက်ပြီး ခွန်လှမောင် (ခ)ခွန်လာမဲင်းက ပအိုဝ်းတစ်မျိုးသားလုံး ကိုယ်စားပြုတဲ့ ပအိုဝ်းအမျိုးသားတေးသီချင်းကို  ၂၂-၇-၂၀၁၅-ခုနှစ်တွင် အပြီးသတ်ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲမဲအောင်နိုင်ရေးအတွက် တေးသီချင်းကိုလည်း ၁၉ ပုဒ် ရွေးချယ်ထားပြီးပြောကြား၍ ၎င်းနောက်မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အတွင်းရေးမှူး ဦးခွန်သိန်းဖေက ရွေးကောက်ပွဲမဲအောင်နိုင်ရေး တေးသီသချင်းကို ၁၅-၈-၂၀၁၅၊ သြဂုတ်လတွင်နောက်ဆုံးထား၍ ဖြန့်ဝေနိုင်အောင် ကြိုးစားကြရန်တိုက်တွန်းပြောကြာခဲ့ပါသည်။
ထိုသို့ ဆွေးနွေးရာတွင် ဆုံးဖြတ်ချက်အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်မှာ ပအိုဝ်းတစ်မျိုးသားလုံး အတွက် ကိုယ်စားပြုပေးတဲ့တေးသီချင်းကို ခွန်အောင်နိုင် သီဆိုထားသည့် ပအိုဝ်းအမျိုးသားသီချင်း ၊ ခွန်ရဲသွေး သီဆိုထားသည့် တရောင်ချင်းဗွုန်ငီးခွို.ပအိုဝ်းသွီး သီချင်းကို စည်းလုံးရေးသီချင်းအဖြစ် သတ်မှတ်အတည်ပြု၍ ၂၀၁၅-ခုနှစ်အတွက် ရွေးကောက်ပွဲမဲအောင်နိုင်ရေး တေးသီချင်းကို ပအိုဝ်းအမျိုးသား ဂီတအနုပညာအဖွဲ့သား များ ဆက်လက်တာဝန်ယူ၍ အပြီးသတ် ဆုံးဖြတ်ချက်အတည်ပြု ဆွေးနွေးပြီးနောက် ဖြားခွန်မောင်တုတ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်ပန်းစိန်
Powered by Blogger.