Tuesday, July 21, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ပအိုဝ်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့က ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ဓာတ်လှေ ကား ဖွင့်ပွဲနှင့် ပအိုဝ်းပိဋကတ်ဘာသာပြန် ငွေဝတ္ထုကပ်လှူပွဲ ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်




ယနေ့ ၂၀၁၅ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်၊ ဗုဒ္ဓဟူးနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာနချုပ်ရုံးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ (PNO)နှင့် ပအိုဝ်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ်အမတ်များအဖွဲ့က ၀ါဆိုသင်္ကန်းကပ်လှူပွဲ၊ ဓာတ်လှေကားဖွင့်ပွဲနှင့် ပအိုဝ်း ပိဋကတ် ဘာသာပြန် ငွေဝတ္ထုကပ်လှူပွဲကို  ပြုလုပ်ကျင်းပခဲ့ပါသည်။


ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်လာသော သံဃာတော်များနှင့် ဖိတ်ကြားထားသော လူကြီးမင်းများကို ကြိုဆိုဂါရ၀ပြုကြပြီး တည်ဆောက်ပြီးစီးပြီဖြစ်သော ဓာတ်လှေကားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ “နမောတဿ”     "သုံးကြိမ်ရွတ်ဆိုကာ ၀ါဆိုသင်္ကန်း ကပ်လှူပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။ ထို့နောက် ကြွရောက်လာကြသော ရဟန်းသံဃာတော်အား ရှိခိုးကန်တော့ကြပြီး (၅)ပါးသီလခံယူကာ ဆရာတော်(အေးစေတီ) ဟောကြားသော ပရိတ်မေတ္တာ တရားတော်ကို ဆက်လက်နာယူခဲ့ပါသည်။
 အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် လွှတ်တော်ကိုယ်စားလှယ်အမတ်များက ၀ါဆိုသင်္ကန်း နှင့် ပအိုဝ်းပိဋကတ်ဘာသာပြန်သံဃာတော်အဖွဲ့အား သိန်း(၁၀၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)မှ ထုတ်ဝေသော ပအိုဝ်းဂျာနယ် “မောင်းမွူးခံ” ဆောင်းပါးရှင်များအား ဂုဏ်ပြုလွှာမှတ်တမ်းပေးအပ်လှူဒါန်းပြီး ဓာတ်လှေကားဒါယကာများကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။





ထို့နောက် ဆရာတော်(အေးစေတီ)မှ ဟောကြားသော တရားတော်ကို နာယူပြီး ရေစက်ချ အမျှပေးဝေကာ ဆရာတော်အား ပြန်လည်ကန်တော့ကြ၍ “ဗုဒ္ဓသာသနံ စိရံ သိဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း၊  အဆိုပါအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဝင်းကို ၊ ဦးခွန်သိန်းဖေနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)မှ လူကြီးမင်းများ၊ ပြည်နယ်ကိုယ်စားလှယ်အမတ်များ တက်ရောက်ကြောင်း သိရှိရပါသည်။



ခွန်ထင်းလေအောင်း
   

Powered by Blogger.