Saturday, July 11, 2015

သစ်တောဦးစီးဌာန၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် ဒေသခံများပူးပေါင်း၍ ကျောက်တလုံးကြီးမြို့နယ်၊ နာဟီးကျေးရွာအုပ်စု၊ ထီရီးကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်








သစ်တော်ဦးစီးဌာန၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)နှင့် ဒေသခံများပူးပေါင်း၍ ကျောက်တလုံးကြီးမြို့နယ်၊ နာဟီးကျေးရွာအုပ်စု၊ ထီရီးကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ ပအိုဝ်းအမျိုသားအဖွဲ့ချုပ်(PNO)၊ နာယကဦးခွန်မောင်တုတ်၊ ပအိုဝ်းလူငယ်ကွန်ယက် နာယကဦးခွန်ထွန်ရွှေး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုကော်မတီ ဦးခွန်ချွန်း၊ တောင်ကြီးမြို့နယ် သစ်တောဦးစီးဌာန တောအုပ် ဦးကျော်ညွန့်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးမှ ၀န်ထမ်းမျာနှင့် ကျောက်တလုံးကြီးမြို့နယ် ပအိုဝ်းလူငယ်ကွန်ယက် (PYN)များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရှေးဦးစွာ ထီရီးကျောင်းဆရာတော်အား ပူဇော်ကန်တော့ခြင်းနှင့် ငါးပါးသီလခံယူခဲ့ကြပြီး နာယက ဦးခွန်ထွန်းရွှေမှ သစ်ပင်စိုက်ပျိုးရခြင်းနှင့် ပက်သက်သည့် ကောင်းကျိုးများကိုအဖွင့်အမှာစကားပြောကြားခဲ့၍ တောအုပ် ဦးကျော်ညွန့်မှ သစ်ပင်ပျိုးပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းအကြောင်း ပညာပေးဟောပြောခဲ့ပြီး ဗဟိုအလုပ်အမူဆောင် ဦးခွန်ချွန်လည်း သစ်ပင်သည် လူသားတို့နေထိုင်ရာဒေသတွင် အဓိကအရင်းအမြစ်တခုဖြစ်ကြောင်းနှင့် သစ်ပင်စိုက်ပျိုးခြင်းနှင့် ပက်သက်သည့် ဗဟုသုတရစရာ ဆောင်ပိုဒ်များကို ဟောပြောခဲ့ပါသည်။




ပအိုဝ်းလူငယ်ကွန်ယက်(PYN) သစ်ပင်စိုက်ပျိုးရန် ထီရီးဘုရားတောင်သို့ လာစဉ်

သစ်ပင်စိုက်ပျိုးနေပုံ


ထို့နောက် ကျောက်တလုံးကြီးမြို့နယ်၊ ပအိုဝ်းလူငယ်ကွန်ယက် ဒုဥက္ကဋ္ဌ ဦးခွန်မျိုးဇော် မှ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာခြင်းကို ကူညီထိန်းသိမ်းပေးရာရောက်ကြောင်းနှင့် ပက်သက်သည့်အကြောင်းအရာကို ပြောကြားခဲ့ပြီး  ထီရီးကျေးရွာ ရပ်မိရပ်ဖ တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့၍ ကြွရောက်လာသော လူကြီးမင်းများအားလုံး ထီရီးဘုရားတောင်ပေါ်သို့  ပူးပေါင်းသစ်ပင်စိုက်ပျိုးခြင်းနှင့် အုပ်စုဖွဲ့ ဓါတ်ပုံများ ရိုက်ခဲ့ခြင်းဖြင့် အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။ စိုက်ပျိုးသော သစ်ပင်အမျိုးအစားများမှာ ကျွန်းပင်(၁၅၀၀)၊ ယူကလစ်(၂၀၀)၊ ချယ်ရီ (၃၀၀)၊ စိန်ပန်းပြာ(၃၅၀)၊ ခါတော်မှီ(၁၅၀)၊ ထောပတ်(၂၀၀)၊ သရဖီ(၈၀)၊ ကက္ကိုပင်(၄၀)၊ အော်ရေးချား(၅၀)၊ သစ်မင်း မက္ကရေးနီးယား (၆၀)၊
စုစုပေါင်း သစ်ပင် (၃၂၆၀) ပင် စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်မျိုးဦး



Powered by Blogger.