Monday, August 24, 2015

မိဘပြည်သူများအား အရေးကြီးလျှင် သွေးနီးရမည်ဟု၊ အထူးဒေသ (၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းလောင်းခရီစဉ်တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီက ပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်

ကျောင်းတန်ပင်ခွဉ်ကို

ကျောင်းတန်နောင်တရားကို

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီသည် ပအိုဝ်းအမျိုးသားတပ်မတော်(PNA) မှ ဦးဆောင်ကျင်းပပေးသော ပြည်သူလုထုနှင့်တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်မှ  ဆိုက်ခေါင်၊ လွယ်မွန်း၊ ပုံလောင်းကျေးရွာတွင် သွားရောက်တွေ့ဆုံပြီးနောက် ၂၀၁၅ခုနှစ်၊ သြဂုတ်လ(၂၂-၂၃)ရက်နေ့တွင် ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာ၊ နောင်တရားမြို့နယ်ခွဲတို့တွင် ပြည်သူလူထုများနှင့် ဆက်လက်တွေ့ဆုံဟောပြောခဲ့ပါသည်။
ထိုသို့ သွားရောက်တွေ့ဆုံရာတွင် ရပ်မိရပ်ဖများ၊ ကျောင်းသား/သူများ၊ ဌာနဆိုင်ရာလူကြီးမင်း များက ပအိုဝ်းရိုးရာ ထုံမောင်းများဖြင့် စီးတန်းကြိုဆို ခဲ့ကြပါသည်။


ပင်လောင်းဝေင်,နယ်;၊ ပင်ခွဉ် ရပ်ရာခမ်းသားအများ ကျိုးဆွုမ် ခေါင်းဆောင်တန်

နောင်တရား ရပ်ရာခမ်းသားအများ ကျိုဆွုမ် ခေါင်းဆောင်တန်

ထိုသို့ တွေ့ဆုံဟောပြောရာတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီမှ ပအိုဝ်းလူများ သည် ဓလေ့ထုံးတမ်းစဉ်လာအရ သံဃာတော်များ၏ သြ၀ါဒ၊ ခေါင်းဆောင်များ၏ သြ၀ါဒ၊ ရပ်မိရပ်ဖများ၏ စကားကို နာခံတတ်သော လူမျိုးဖြစ်ကြောင်း၊ ပင်လောင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများသည် သံဃာတော်များ၊ လူကြီးလူကောင်းတို့၏ သြ၀ါဒများကို နာခံပြီး ဘိုးဖွားစဉ်ဆက်များ၏ လက်ဆင့်ကမ်း အမွှေများကို ပြည့်ပြည့်၀၀ရယူနေသည်ကို မြင်တွေ့နေရကြောင်း၊ ယခုအချိန်အခါသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပြဌာန်းပေးသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် နီးစပ်လာပြီဖြစ်ကြောင်း၊ ထို့ကြောင်း ပင်လောင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် မိဘပြည်သူများအနေဖြင့် ပါတီများကို မဲထည့်ပေးရတော့မည်ဖြစ်ကြောင်း၊ ထိုသို့ ပါတီများ ရွေးချယ်မဲထည့်ရာတွင် မိမိလူမျိုး၊ မိမိမြို့နယ်အပါ် အကျိုးစီးပွား ပြုလုပ်ပေးခဲ့သည့် ပုဂ္ဂိုလ်၊ ပြုလုပ်ပေးနိုင်မည့် ပုဂ္ဂိုလ်များကို ရွေးချယ်မဲထည့်ရန်လိုအပ်ကြောင်း၊ မိမိတို့ ပင်လောင်းမြို့နယ်တွင် PNOအပြင် ပအမဖ၊ NLD၊ ပြည်ခိုင်ဖြိုး၊ SNDP၊ SNLD စသည့် ပါတီများလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟုကြားသိရကြောင်း၊ မည်သို့ပြင်ဖြစ်စေကာမူ မိမိတို့သည် ပအိုဝ်းလူမျိုးများဖြစ်၍ မိမိတို့လူမျိုးအတွက်  မှန်ကန်စွာ ရွေးချယ်တတ်ရန် လိုအပ်ကြောင်း။    ။
ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါတီသည် ငြိမ်းချမ်းရေးပြီးနောက်ပိုင်းတွင် မိဘပြည်သူများအတွက် စာသင်ကျောင်းများ၊ လမ်းတံတားများ၊ ဆေးပေးခန်းများ၊ ရေ၊ လျှပ်စစ်မီးစသည့် ပြည်သူများ လိုအပ်ချက်ကို တတ်နိုင်သမျှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိဘပြည်သူများ အနေနှင့် ဤကျေးဇူးတရားကို မမေ့သင့်ကြောင်း၊ ဤကျေးဇူးတရားကြောင့် ပညာတတ်လာသောလူငယ်တချို့သည် အမြင်မှန်ရဖို့ လိုအပ်ကြောင်း၊ မိမိလူမျိုးအကျိုး မိမိနိုင်ငံအကျိုး လုပ်ဆောင်ရန် ဆန္ဒရှိပါက သီးသန့်မနေဘဲ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)နှင့် လက်တွဲလုပ်ဆောင်စေလိုကြောင်း၊ ယခုအချိန်အခါသည် မိမိတို့ပအိုဝ်းလူမျိုးက စည်းလုံးညီညွှတ်သော လူမျိုးများဖြစ်သည်ကို ပြသရန်အချိန်ရောက်ရှိလာ ပြီဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ညီနောင်တိုင်းရင်းသားများဖြစ်သော ဓနု၊ တောင်ရိုး၊ ရှမ်းစသည်တို့နှင့် အေးအတူပူအမျှ နေထိုင်လာခဲ့ကြကြောင်း၊  ညီနောင်တိုင်းရင်းသားများ၏ မျိုးချစ်စိတ်ကို စာနာနားလည်ပါ၏ သို့သော် နိုင်ငံရေးအရ ဖြစ်ချင်တာသည်ထက် ဖြစ်သင့်သည်ကို ဦးစားပေးစေလိုကြောင်း၊ ဤသဘောတရားကို ညီနောင်တိုင်းရင်းသားများ နားလည်သဘောပေါက်မည်ဟု ယုံကြည်ပါကြောင်း ဟောပြောသွားပါသည်။


ပင်ခွဉ်ကျောင်းတန်ကို၊ ခံထူလွေ ခေါင်းဆောင်တန် ငေါဝ်းသြ၀ါဒ

နောင်တရားကျောင်းတန်ကို  ခံထူးလွေ ခေါင်ဆောင်တန် ငေါဝ်းသြ၀ါဒ

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီ၏ လူထုတွေ့ဆုံပွဲ ခရီးစဉ်ဖြစ်သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ဘန့်ဘာကျေးရွာအုပ်စု၊ ပင်ခွန်ကျေးရွာတွင် ပြည်သူလူထု (၅၀၀၀)ကျော်၊ နောင်တရားမြို့နယ်ခွဲတွင် ပြည်သူလူထု(၅၀၀၀)နီးပါးတက်ရောက်ခဲ့ကြောင်း၊ ညီနောင်တိုင်းရင်းသားများဖြစ်သာ တောင်ရိုး၊ ဓနု၊ ရှမ်းများလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်ထင်းလေအောင်း
Powered by Blogger.