Thursday, August 27, 2015

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထမ်းစမ်းရွှေတိဂုံဓမ္မာရုံတွင်၊ ဟိုပုံးမြို့နယ်ရှိ ဒေသခံပြည်သူများမှ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီထံမှ သြ၀ါဒခံယူပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်


ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၊ ထမ်းစမ်းရွှေတိဂုံဓမ္မာရုံတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)  နာယက ဦးအောင်ခမ်းထီထံမှ ဒေသခံပြည်သူများ  သြ၀ါဒခံယူပွဲကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင်  ပြုလုပ်ကျင်းပခဲ့ပါသည်။
ထိုသြ၀ါဒခံယူပွဲတွင် ရှေးဦးစွာ ဟိုပုံးကိုရင်လေးထံ ငါးပါးသီလခံယူပြီး နောင်ခါးဆရာတော်မှ  သြ၀ါဒစကားမြွတ်ကြွားခဲ့ပါသည်။ ထို့နောက် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီမှ လက်ရှိမြန်မာနိုင်ငံရေးအခြေနေများ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ ငြိမ်းချမ်းရေးယူခဲ့သည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအခြေနေများ၊ ဒေသလုပ်ငန်းဆောင်ရွက်ခဲ့သည့် အခြေနေများအား ရှင်းလင်းပြောကြားကာ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မျိုးချစ်စိတ်ဖြင့် ဘေးစကားကို
နားမယောင်ပဲ မဲပေးကြရန်အတွက် တိုက်တွန်းပြောကြားခဲ့ပါသည်။

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီအား ကြိုဆိုနေကြပုံ

ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီထံ သြ၀ါဒခံယူနေပုံ

ယင်းအခမ်းနားတွင် ရဟန်းသံဃာအပါးပေါင်း ၁၇၉-ပါးကို  ၀ါဆိုသင်္ကန်းကပ်လှူခဲ့ပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များ၊ အထူးဒေသ(၆) PNA-အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်း ၈၀၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခွန်အာတက်
Powered by Blogger.