Thursday, August 27, 2015

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီက တောင်ကြီးမြို့နယ်၊ ဇလဲကျေးရွာအုပ်စုမှ လူထုတွေ့ဆုံပွဲတွင် မိမိတို့ပအိုဝ်းလူမျိုးများအတွက် အခွင့်အရေးကိုရယူဖို့ အချိန်ရောက်ပြီဟု ပြောကြား

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်

ဇလဲဘုန်းတော်ကြီးကျောင်းတွင် ဒေသခံမိဘပြည်သူများကို သြ၀ါဒစကားမြွတ်ကြားနေစဉ်

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖြားတန်ဦးအောင်ခမ်းထီသည် မိဘပြည်သူများနိုင်ငံရေးအသိအမြင် ကျယ်ပြန့်စေရန် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ ဆီဆိုင်၊ ပင်လောင်း၊ ဟိုပုံးရှိ မိဘပြည်သူများနှင့် သွားရောက်တွေ့ဆုံပြီးနောက် ဒီကနေ့ သြဂုတ်လ(၂၇)ရက်၊ ကြာသပတေးနေ့ ၊ တောင်ကြီးမြို့နယ်မြောက်ပိုင်း ဇလဲကျေးရွာတွင် မိဘပြည်သူများနှင့် ဆက်လက်သွားရောက် တွေ့ဆုံခဲ့ပါသည်။

ဒေသခံမိဘပြည်သူများ

ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ ပြန်ရန် မိဘပြည်သူများမှ နူတ်ဆက်ကြစဉ်

ထိုသို့ သွားရောက်တွေ့ဆုံရာတွင် တောင်ကြီးမြို့နယ်မြောက်ပိုင်းအတွင်းရှိ ကျေးရွာပေါင်း(၁၆) အုပ်စုရှိ မိဘပြည်သူများက လှိုက်လှိုက်လှဲလှဲ ရင်းရင်းနှီးနှီး တန်းစီးကြိုဆိုခဲ့ကြပြီး အတူတကွ ၀ါဆိုသင်္ကန်းကပ်လှူကာ ဇလဲကျောင်းဆရာတော်သြ၀ါဒကို နားယူခဲ့ကြပါသည်။
ထိုနောက် တက်ရောက်လာသော မိဘပြည်သူများကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြားတန် ဦးအောင်ခမ်းထီက ပအိုဝ်းသမိုင်း၊ ခေတ်အဆက်ဆက်က မြန်မာ့နိုင်ငံရေး၊ ၂၀၁၀ရွေးကောက်ပွဲအကြောင်း၊ လာမည့် ၂၀၁၅ပါလ်ီမန် အထွေထွေရွေးကောက်ပွဲအခြေအနေကို အကျယ်တ၀င့် ဟောပြောသွားပါသည်။
ထိုသို့ဟောပြောရာတွင် ပအိုဝ်းလူမျိုးများသည် ရိုးသားဖြူစင်ကြပြီး အခွင့်အရေးမယူတတ်သော လူမျိုးဖြစ်ကြောင်း၊ ထို့ကြောင်း မိမိတို့ပအိုဝ်းလူမျိုးများသည် အခွင့်အရေးများစွာ လွဲချော်ခဲ့ရကြောင်း၊ ထို့သို လွဲချော်ခဲ့ပြီးဖြစ်သောအတိတ်မှ အခွင့်အရေးကို သင်ခန်းစာယူ၍ လာမည့် အနာဂတ်တွင် မိမိတို့လူမျိုးများအတွက် အခွင့်အရေးကြုံတွေ့လာပါက လိမ္မာပါးနက်စွာ အမိအရ ဖမ်းယူသင့်ကြောင့်၊ ယခါအချိန်အခါသည် ၂၀၁၅ပါလီမန်အထွေထွေရွေးကောက်ပွဲ ကျင်းပရန် နီးစပ်လာပြီဖြစ်ကြောင်း၊ သိုဖြစ်ပါ၍ မိမိတို့တောင်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေနှင့် ဆန္ဒမဲပေးရတော့မည်ဖြစ်ကြောင်း၊ ထိုသို့ ဆန္ဒမဲပေးရာတွင် မိမိလူမျိုးကို အမှန်တကယ် အကျိုးပြုနိုင်မည့် ပါတီကို ရွေးချယ်သင့်ကြောင်း၊ ဒီမိုကရေခေတ်တွင် ပြည်သူများကအမြင်ကျယ်ရန် လိုအပ်ကြောင်း။        ။
မိမိတို့သည် အောင်မြင်လိုလျှင် အပေါင်းအသင်းနှင့်မိတ်ဆွေကောင်းကိုရှာကြ၏ ဤကဲ့သို့ပင် မိမိတို့လူမျိုးအကျိုးစီးပွားဖြစ်ထွန်းရန်အတွက် အခြားတိုင်းရင်းသား၊ အဖွဲ့အစည်းနှင့် မဟာမိတ်ဖွဲ့တတ်ရန် လိုကြောင်း၊ လာမည့် ၂၀၁၅ပါလီမန်အထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီက တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော်အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့(PNO)ပါတီကို ထောက်ခံအားပေးစေလိုကြောင်း၊ ထို့ပြင် မိမိတို့လူမျိုးအပေါ် အကျိုးစီးပွားလုပ်ဆောင်ပေးနိုင်မည့် မဟာမိတ်အဖွဲ့ကို ထောက်ခံအားပေးစေလိုကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုးများအတွက် ပေးလာသောအခွင့်အရေးကို အခြားအဖွဲ့အစည်း၏ သွေးဆောင်ဖြားယောင်းခြင်းကို နားမယောင်ဘဲ စည်းစည်းလုံးလုံး ညီညီလက်တွဲ၍ ရယူနိုင်မည်ဟု ယုံကြည်ပါကြောင်းပြောကြားသွားပါသည်။
အဆိုပါ ဟောပြောပွဲတွင် မိဘပြည်သူများ(၄၀၀၀)ကျော်တက်ရောက်ခဲ့ကြောင်း၊ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီနှင့်အဖွဲ့သည် (၂၈-၈-၂၀၁၅)ရက်တွင် တောင်ကြီးမြို့နယ် တောင်ပိုင်း မွေတော်ကက္ကူရှိ မိဘပြည်သူများနှင့် ဆက်လက်တွေ့ဆုံမည်ဖြစ်ကြောင်း သရှိရပါသည်။

ခွန်ထင်းလေအောင်း
   
   
Powered by Blogger.