Friday, August 28, 2015

ပအိုဝ်းအမျိုးသား ခေါင်းဆောင်ဦးအောင်ခမ်းထီ မွေတော်ကက္ကူခရီးစဉ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်


ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီအား ကက္ကူဒေသခံများ ကြိုဆိုနေကြစဉ်

၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် မွေတော်ကက္ကူ
 အောင်ဆုဟော်ဓမ္မာရုံ မနက်(၉း၀၀)နာရီအချိန် တွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီက မွေတော်ကက္ကူရှိ ဒေသခံပအိုဝ်း ပြည်သူလူထုများကို သွားရောက်တွေ့ဆုံခဲ့ပါသည်။


ဓမ္မာရုံအတွင်း ခေါင်ဆောင်ကြီး သြ၀ါဒ နာယူနေစဉ်

ဓမ္မာရုံမဆန့်၍ ခေါင်းဆောင်ကြီး သြ၀ါဒကို အပြင်ဘက်မှ နာယူနေစဉ်

ထိုသို့သွားရောက်တွေ့ဆုံခဲ့ရာတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီနှင့် ပအိုဝ်းပြည်သူလူထု များက ပင့်ကျောင်းသံဃာတော်များအား ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး ဆက်လက်၍ ပအိုဝ်းပြည်သူ လူထုက အမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ ၏ သြ၀ါဒအမှာစကားကို ခံယူခဲ့ကြပါသည်။
ထိုသို့ သြ၀ါဒစကားပြောကြားရာတွင် မိမိတို့ပအိုဝ်းပြည်သူလူထုများအနေဖြင့် တိုင်းပြည်အကျိုး လူမျိုးဘာသာ သာသနာအကျိုး ပြည်သူလူထု အခွင့်အရေးအကြောင်းတွေ သိရှိလာစေရန်နှင့် လာမည့်နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတစ်နိုင်ငံလုံး ပါတီစုံဆန္ဒမဲပေးပွဲကျင်းပသွားမည်ဖြစ်၍ မိမိတို့ပအိုဝ်းအမျိုးသားများအနေနှင့် ကိုယ့်ရဲ့ မဲဆန္ဒပေးနိုင်ရန် မိမိတို့မှာ ကိုယ်စီတာဝန်ရှိကြောင်း၎င်းကပြောကြားခဲ့သည်။
ထိုပြင် မိမိတို့လူထုများက မဲဆန္ဒပေးပြီးနောက် မဲဆန္ဒအများဆုံးရရှိသော ကိုယ်စားလှယ်လောင်းသည် မိမိတို့အမတ်လောင်းဖြစ်လာမည်ဖြစ်သဖြင့် မဲပေးရာတွင် မိမိတို့ဒေသအတွက် အမှန်တကယ် ဖွံ့ဖြိုးရေး လုပ်ပေးနိုင်မည့် လွှတ်တောကိုယ်စားလှယ်ကို မဲပေးတက်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသွားပါသည်။ အဆိုပါ ပအိုဝ်းအမျိုးသားခေါင်းဆောင် ဦးအောင်ခမ်းထီ မွေတော်ကက္ကူခရီးစဉ်တွင် ဒေသခံပအိုဝ်း
 ပြည်သူလူထုများစုစုပေါင်း ၅၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
 
ခွန်ပန်းစိန်



Powered by Blogger.