Monday, August 10, 2015

ကျောက်တလုံးကြီးမြို့နယ်ခွဲ နောင်ကားကျေးရွာ နေခြည်ဦးစာကြည့်တိုက်တွင် Mobile Computer သင်တန်း အမှတ်စဉ်(၁/၂၀၁၅)ဖြင့် ဦးစွာဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်





မွေးမြူရေး ၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျှက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကျေးလက်နေလူငယ်များပါဝင်၍ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျှက် ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ABC Computer Training Center တို့မှ ဦးစီးဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု Mobile Computer သင်တန်း (၁/၂၀၁၅) ဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ (၁၀ - ၂၀၁၅ ) ရက်နေ့တွင် ပြုလုပ်ကျင်းပကြောင်း သိရှိရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ လာရောက်လည်ပတ်စဉ်တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နှင့် ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင် တို့အဖွဲ့များမှ တင်ပြချက်အရ ပအိုဝ်းကျေးလက်နေ ဒေသခံပြည်သူများ အနေဖြင့် ခေတ်စနစ်စိန်ခေါ်အမှုအရ Computer ပညာရပ်များ အလွန်ပင် လိုအပ်လျှက်ရှိကြောင်း တင်ပြချက်များကို နိုင်ငံတော် အစိုးရအနေဖြင့် အကောင်အထည်ဖေါ် ဆောင်ရွှက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးမောင်မောင်ဝင်း လက်ထောက်ညွန်ကြားရေးမှူး ခရိုင်ဦးစီးမှူး မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် တက်ရောက်အမှာစကား အားပေးခဲ့ကြပြီး သင်တန်းသူ သင်တန်းသား (၅၁)ဦး တက်ရောက်သင်ယူကြကြောင်း သိရှိရပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်လူငယ်များ  အလုပ်လက်မဲ့ လျှော့ချရေးနှင့် ခေတ်ပညာတတ်မြှောက်ရေး အတွက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဟိုပုံး ပင်လောင်း ဆီဆိုင် (၃)မြို့နယ်လုံး Computerပညာရပ်များကို မည်သူမဆိုတက်ရောက်နိုင်ပြီး တစ်နေရာတွင်(၁)လစီ အလှည့်ကျ လှည့်လည်ပို့ချပေးသွားမည်ဖြစ်ကြောင်း နှင့် Conputer ပညာရပ်များ ကျွမ်းကျင်သော သင်တန်းသူ သင်တန်းသားများအတွက် ကွန်ပျူတာများကို (၆)လအရစ်ကျစနှစ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ကုမ္မဏီများနှင့် အလုပ်ရရှိအောင် ချိတ်ဆက်ပေးမည်ဖြစ်ကြောင်း နောင်ကားကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် သင်တန်းကြီးကြပ်ရေးမှူးလည်းဖြစ်သော ဦးခွန်ထွန်းစိန် ပြောပြချက်အရ သိရှိရပါသည်။
 
ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.