Monday, October 19, 2015

PNO ပါတီ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တောင်ကြီးမြို့ ဖရဲငွေတောင်ဘုန်းတော်ကြီးကျောင်းတွင် စည်းရုံးဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်


၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်၊ တနလာင်္နေ့၊ တောင်ကြီးမြို့၊ နယ်မြေ (၁၂) ဖရဲငွေတောင်ဘုန်းတော်ကြီးကျောင်းတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စည်းရုံးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။



အဆိုပါဟောပြောပွဲတွင် တောင်ကြီးမြို့နယ်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ဝင်းကိုမှ ပြောကြားရာတွင်  ပြီးခဲ့သည့် ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အနေဖြင့် တောင်ကြီးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ဘဲ မိမိအနေဖြင့် လာမည့် ၂၀၁၅-ရွေးကောက်ပွဲတွင် တောင်ကြီးမြို့နယ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့နယ်သည် ပအိုဝ်းလူမျိုးများ  အများဆုံးနေထိုင်သောမြို့နယ်ဖြစ်ပြီး ပအိုဝ်းလူမျိုးများနှင့် အခြားတိုင်းရင်းသားပြည်သူများ၏ ရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန်အတွက် ပါဝင်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များသည် ပြည်သူလူထုကို တိုက်ရိုက်အုပ်ချုပ်ခြင်းမဟုတ်ပဲ၊ အုပ်ချုပ်သူ အစိုးရအဖွဲ့အတွက်  ဥပဒေ နည်းဥပဒေများပြဌာန်းပေးခြင်း၊ အစိုးရအဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်မှုများကို ဟန်ချက်ညီအောင် ထိန်းကြောင်းပေးခြင်း စသည်တို့ကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်အတွင်း စီးပွါးရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်မှ ပြည်သူလူထုကိုယ်စား လွှတ်တော်ထဲတွင် တင်ပြတောင်းဆိုနိုင်ခွင့်ရှိကြောင်း၊ သို့ဖြစ်၍ တောင်ကြီးမြို့နယ်အတွင်း နေထိုင်သော ပအိုဝ်းတိုင်းရင်းသားများနှင့် အခြားသောတိုင်းရင်းသား မိဘ ပြည်သူများအတွက် စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို အမှန်တကယ်ဆောင်ရွက်ပေးနိုင်မည့် မိမိတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီိကို မဲပေးကြပါရန် စည်းရုံးဟောပြောသွားပါသည်။ 

နန်းမိုးမိုးခိုင်

Powered by Blogger.