Monday, October 19, 2015

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်

လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဒေသခံများမှ ကြိုဆိုနေကြစဉ်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီက ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အဆက်မပြတ် မဲဆွယ်စည်းရုံးရေးပြုလုပ်ရာတွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်၊ တနင်္လာနေ့တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ပင်မွန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် မဲဆွယ်စည်းရုံးရေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။



အဆိုပါမဲဆွယ်စည်းရုံးရေးဟောပြောပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုအလုပ်မှုဆောင် ဦးခွန်လာမဲင်း(ခ)ဦးခွန်လှမောင်မှ ပအိုဝ်းသမိုင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် ဆက်လက်ယှဉ်ပြိုင်မည့် ဦးခွန်မောင်သောင်းက ပအိုဝ်းသမိုင်းအကြောင်းအရာများနှင့် မြန်မာ့နိုင်ငံရေးအကြောင်းအရာများ၊ လာမည့် ၂၀၁၅ ခုနှစ်တွင် မိမိတို့အသိဥာဏ်နှင့်ယှဉ်ပြီး ပအိုဝ်းပြည်သူလူထုအကျိုးကို အမြဲတစေလုပ်ဆောင်ပေးခဲ့သော မိမိတို့ (PNO)ပါတီကို ထောက်ခံမည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါသည်။





ဆက်လက်၍ပင်လောင်းမြို့နယ် မဲဆန္ဒအမှတ်(၁)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်လှဆန်းမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေအတွင်း လုပ်ဆောင်ခဲ့ပြီးသော လုပ်ငန်းဆောင်ရွက်အခြေနေကို အကျယ်တ၀င့်ရှင်းပြခဲ့ပြီး၊ ပင်လောင်းမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်အမှတ်(၂) ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးခွန်စောအောင်က ဒေသဖွံ့ဖြိုးရေးအကြောင်းရာများပြောကြားခဲ့ပြီး၊ ပင်လောင်းမြို့နယ်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီအဖွဲ့ဝင် ဦးခွန်စောထီးမှ ရွေးကောက်ပွဲဆိုင်ရာ မဲပေးပုံပေးနည်းများ ရှင်းလင်းတင်ပြခဲ့ပါသည်။
အဆိုပါ မဲဆွယ်စည်းရုံးရေးဟောပြောပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့များနှင့် မိဘပြည်သူများ (၁၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
       
ခွန်အားတက်


Powered by Blogger.