တောင်ကြီး ၊၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊တနင်္လာနေ့၊ နေ့လယ်ပိုင်းတွင် နယ်သာလန် (Wageningen University) စိုက်ပျိုးရေးပညာ ရှင် Frank Fer Bekeနှင့်အဖွဲ့သားများသည် အာလူးစိုက်ပျိုးရေးနှင့်ပက်သက်၍ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုရုံးချုပ်၌် လာရောက်တွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။
၎င်းတွေ့ဆုံရာတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ရုံးအဖွဲ့မှူး ဆရာစောခွန်ကျော်ဝင်းနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ အကြံပေး ဆရာခွန်ဆန်းကျော်တို့မှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဆွေးနွေးရာတွင် လာမည့် ၂၀၁၆ခုနှစ်သည် ရှမ်းပြည်နယ်တောင်ပိုင်း အာလူးစိုက်ပျိုးရေးနှင့်ပက်သက်ပြီး သင်တန်းလာရောက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ပြီးခဲ့သည့် နှစ်လအတွင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ လာရောက်လေ့လာ ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။
ခွန်ခမ်းမိုးဦး
Like On Facebook
Follow On Twitter
Subscribe On RSS