Monday, October 26, 2015

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီတည်ထောင်ခြင်း(၂၇)နှစ်ပြည့် အထိမ်းအမှတ်နှင့် ရွေးကောက်ပွဲဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်များ မိတ်ဆက်ခြင်း အခမ်းအနားကို တောင်ကြီးမြို့၊ မဟာယာန ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်





ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီက ဒီကနေ့ အောက်တိုဘာ(၂၆)ရက်၊ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ မဟာယာန ဘုရားရှိခိုးကျောင်းတွင်  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီ (၂၇)နှစ်ပြည့် အထိမ်းအမှတ်ပွဲနှင့် ၂၀၁၅ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်များ မိတ်ဆက်ပွဲ၊ ၂၀၁၅ခုနှစ် အခြေခံပညာအထက်တန်း စာမေးပွဲ အောင်မြင်ခဲ့သော ပါတီဝင်များ၏ သား/သမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲကို ပြုလုပ်ကျင်းပခဲ့ပါသည်။




အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက အမှာစကားပြောကြားပြီး ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်  အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်က ပါတီသမိုင်းကြောင်း၊ ပါတီမူဝါဒနှင့် ရှေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကာ ဆက်လက်၍ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်က တောင်ကြီးမြို့နယ် ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရောက်အရွေးခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့ပါသည်။
ထို့နောက် ၂၀၁၄-၂၀၁၅ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းစာမေပွဲ အောင်မြင်ခဲ့ကြသော ပါတီဝင်များ၏ သားသမီးများကို ဂုဏ်ပြုချီးမြှင့်ကြပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ် ဥက္ကဌ စိုင်းခမ်းပိုင်ဖ(ခ) ဦးခင်မောင်ညွန့်က ကျေးဇူးတင်အမှာစကား ပြောကြားသွားခဲ့ပါသည်။
ခရိုင်ကော်မရှင် ဥက္ကဌဦးတင်ဦးက မဲပေးရာတွင် သတိထားရမည့်အကြောင်းအရာနှင့် မဲအကြောင်းသိကောင်းစရာများကို တက်ရောက် ရှင်းလင်းတင်ပြခဲ့ကြောင်း၊ ၄င်းပွဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အတွင်းရေးမှူး(၃) ဦးခွန်တင်ထွဋ်က တက်ရောက်ကာ မိုင်းရှူးမြို့နယ် စစ်ဘေးသင့်ပြည်သူများအတွက် အလှူငွေ (၁)သိန်းကျပ်တိတိ လှူဒါန်းခဲ့ကြောင်း၊ ယင်းအခမ်းအနားသို့ မိဘပြည်သူများ (၂၀၀)နီးပါး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
 
နဂါခွန်
   
Powered by Blogger.