တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်
|
All Photos - BBC News |
အာဖဂန် နစ္စတန် နိုင်ငံ အရှေ့မြောက်ပိုင်းကို ဗဟိုပြုပြီး အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ် ခဲ့တဲ့ အတွက် အာဖဂန်၊ ပါကစ္စတန်နဲ့ အိန္ဒယ မြောက်ပိုင်း ဒေသတွေ အထိ ငလျင် လှုပ်မှုကို ခံစား ခဲ့ကြရကာ လူ အနည်းဆုံး ၁၅၀ သေဆုံး ခဲ့ပါတယ်။
|
ငလျင်ဒဏ်ခံရသည့် ဒုက္ခသည်တစ်ဦး |
|
အဆောက်အဦးပြိုကျရာ စာသင်ခန်းအပြင်မှ ကျောင်းသူများ၏ ဖိနပ်များ |
|
ဒဏ်ရာရသူများ Jalalabad (Afghan) ဆေးရုံသို့ ပို့ဆောင် |
ပါကစ္စတန် မြောက်ပိုင်းမှာ ၁၂၀ ကျော် သေဆုံးတယ်လို့ ပါကစ္စတန် အာဏာပိုင်တွေက ပြောပါတယ်။
အာဖဂန် နစ္စတန် ဘက်က ဂျက်ခါး ပြည်နယ်မှာတော့ ကျောင်းအဆောက်အအုံ ပြိုကျလို့ ကျောင်းသူ ၁၂ ယောက် သေဆုံးကာ ၂၅ ယောက် ဒဏ်ရာ ရခဲ့ကြပါတယ်။
|
ပါကစ္စတန်တွင် ငလျင်ကြောင့် တောင်ပြိုကျ |
အာဖဂန် အရှေ့ပိုင်းက နန်ဂါဟာ၊ ဘက်ဒက်ရှန်နဲ့ ကူနာ ပြည်နယ်တွေမှာလည်း အနည်းဆုံး ၃၅ ယောက် သေဆုံးခဲ့ပါတယ်။
ပြင်းအား ၇.၅ ရှိတဲ့ ငလျင်ဟာ အာဖဂန် အရှေ့မြောက်ပိုင်းက တောင်ထူထပ်ရာ ဟိန္ဒူကက်ရှ် ဒေသကို ဗဟိုပြုပြီး လှုပ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့က ပြောပါတယ်။
|
ဆေးရုံတက်လူနာများကို ဆေးရုံတွင်းမှ ကယ်ထုတ် (အိန္ဒိယ) |
အာဖဂန်၊ ပါကစ္စတန်နဲ့ အိန္ဒိ နိုင်ငံတို့ရဲ့မြို့တော် ၃ ခုက အဆောက်အအုံတွေကနေ လူတွေ စွန့်ခွာခဲ့ကြပြီး ဒေသ အတော်များများမှာ ဆက်သွယ်ရေးတွေ ဖရိုဖရဲ ဖြစ်ခဲ့ပါတယ်။
မှတ်ချက် - BBC မြန်မာပိုင်းအစီအစဉ်မှ ကူးယူဖော်ပြသည်။
ခွန်ခမ်းမြတ် (ခမ်းစန္တာ;)
Like On Facebook
Follow On Twitter
Subscribe On RSS