Saturday, October 31, 2015

လူ ၂၂၄ ဦးပါ ရုရှလေယာဉ်တစ်စီး အီဂျစ်နိုင်ငံတွင်ပျက်ကျ

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက် 


ခရီးသည်၂၁၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦးသယ်ဆောင်လာတဲ့ ရုရှ လေကြောင်းပိုင် Airbus A-321 လေယာဉ်တစ်စီး လေဆိပ်မှ ထွက်ခွါပြီး မကြာမီမှာ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်အလယ်မှာ ပျက်ကျခဲ့ပါတယ်။




လေယာဉ်ပျက်ကျတဲ့သတင်းကို အီဂျစ်ဝန်ကြီးချုပ်ရုံးက အတည်ပြု ပြောကြားခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပေါ်ပါလာတဲ့ခရီးသည် ၂၂၄ ဦးတွင် ယူကရိန်းနိုင်ငံသား ၃ ဦးနှင့်ကျန် ၂၂၁ ဦးဟာ ရုရှနိုင်ငံသားတွေ ဖြစ်တယ်လို့ အီဂျစ်ဘက်အာဏာပိုင်များဘက်ကထပ်မံ အတည်ပြုခဲ့ပါတယ်။



ရုရှလေကြောင်းလိုင်း ကိုဂါလီမာဗီယာပိုင် အဆိုပါ လေယာဉ်ဟာ နာမည်ကျော် ပင်လယ်နီ၊ ရှမ်အယ်လ်ရှိတ် အပန်းဖြေကျွန်းကနေ ရုရှနိုင်ငံ စိန့်ပီတာစ္စဘက်မြို့ကို ဦးတည်ပျံသန်းရင်းပျက်ကျ ခဲ့တာဖြစ်ပါတယ်။

ဘာကြောင့်လေယာဉ်ပျက်ရတယ်ဆိုတာ တရားဝင်စုံစမ်းစစ်ဆေးဖို့ရုရှသမ္မတ ဗလာ ဒီမာပူတင်ကအမိန့်ထုတ်ပြန်ထားပါတယ်။ လေယာဉ်ပေါ်က ခရီးသည်၂၁၇ဦး မှာ ခလေး၁၇ဦးနဲ့ လေယာဉ်အမှုထမ်း၇ဦးနဲ့ လေယာဉ်အမှုထမ်း၇ဦးပါတယ်လို့ ရုရှဘက်က အတည်ပြု ထားပါတယ်။

ကိုးကား - BBC & USA Today
ခွန်ခမ်းမြတ် (ခမ်းစန္တာ;)

Powered by Blogger.