Sunday, November 15, 2015

Tag International Development အဖွဲ့နှင့် ပါရမီဖွံဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းပြီး ပျားဖယောင်းဖြင့် ဖယောင်းတိုင်ပြုလုပ်ခြင်းနှင့် ပရုပ်ဆီ (Cream) ပြုလုပ်ခြင်း သင်တန်းပြုလုပ်

တောင်ကြီး၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်


Tag International Development အဖွဲ့နှင့် PNO ပါရမီဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့တို့ ပူးပေါင်းပြီး၊ တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံးတွင် ပျားဖယောင်းဖြင့် ဖယောင်းတိုင်ပြုလုပ်ခြင်းနှင့် ပရုပ်ဆီ(Cream) ပြုလုပ်နည်း သင်တန်းပြုလုပ်ခဲ့ပါသည်။




အဆိုပါသင်တန်းတွင် အစ္စရေးပညာရှင်နှင့် ပါရမီဖွံ့ဖြိုးရေးကွန်ယက်မှ ဆရာကျော်ဆန်းလေး၊ ဆရာမ ဒေါ်အိသဉ္ဖာ၊ဆရာမဒေါ်သဇင်နွယ်တို့က သင်ကြားပို့ချပေး၍၊ သင်တန်း၏ရည်ရွယ်ချက်မှာ ကျေးလက်နေ ပြည်သူများ ဒေသတွင်းထုတ်ကုန်မှ အပိုဝင်ငွေရရှိစေပြီး လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်ကြောင်း သိရှိရသည်။




အဆိုပါသင်တန်းသို့ ကျေးရွာပေါင်းစုံနှင့် ပါရမီကွန်ယက်ဝန်ထမ်းများ ပေါင်း (၂၀) ဦးခန့် တက်ရောက်ကြကြောင်း သိရှိရပါသည်။ 

ခွန်ပန်းစိန်


Powered by Blogger.