Monday, January 25, 2016

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်က ဟမ်းဆီးအထက်တန်းကျောင်းနှင့် နောင်ကားအထက်တန်းကျောင်းများကို အလှူငွေ ကျပ်(၂)သိန်းစီ ပေးအပ်လှူဒါန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလ (၂၅) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဌ ဦးခွန်စံလွင်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောက်တလုံးကြီးမြို့၊  (၁၈-၁-၂၀၁၆)ခုနှစ်တွင် ကျင်းပပြုလုပ်သော အုပ်ချုပ်ရေးမှူးဖလား    ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို သွားရောက် ချီးမြှင့်အမှာစကား  ပြောကြားပြီးနောက်  ဟမ်းဆီးအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ၀န်ထမ်းများကို ၀င်ရောက်အားပေးကာ အလှူငွေ (၂)သိန်းကိုလည်း ပေးအပ်လှူဒါန်းသွားခဲ့ပါသည်။
ဆက်လက်၍ နားဟီးကျေးရွာမှ ဖျူငယ်ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းအထိ၊ ဖျူငယ်ဘုန်းတော်ကြီးကျောင်းမှ ပုံဆွေပင်လမ်းခွဲအထိ ဖောက်လုပ်ထားသော လမ်းပိုင်းများကို ၀င်ရောက် စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဒေသဦးစီးဥက္ကဌနှင့်အဖွဲ့များသည် နောင်ကား အထက်တန်းကျောင်းမှ ပြုလုပ်ကျင်းပသော ကျောင်းသား/သူ စုံညီပွဲတော်သို့ ၀င်ရောက်အားပေး စကားပြောကြားပြီး နောင်ကား အ.ထ.ကကျောင်းအတွက် အလှူငွေ (၂)သိန်း ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။

နဂါးခွန်
Powered by Blogger.