Thursday, February 4, 2016

စတုတ္ထအကြိမ်၊ ဒုတိယအပတ် ပအိုဝ်းဓမ္မကထိကသင်တန်းဖွင့်လှစ်


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်



တောင်ကြီးမြို့၊ မြေဖြူကမ္မဌာန်းကျောင်းတိုက်တွင် ကောဇာသက္ကရာဇ် ၁၃၇၇-ခုနှစ်၊ ပြာသိုလဆုတ် (၁၀)ရက်နေ့တွင် သင်တန်းသားများလက်ခံ၍ တပို့တွဲလဆန်း(၂) ရက်နေ့အထိ (၇) ရက်ကြာ သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး တပို့တွဲလဆန်း(၃)ရက်နေ့တွင် သင်တန်းဆင်းလက်မှတ်ပေးအပ်မည် ဖြစ်ပါသည်။
ပအိုဝ်းတိုင်းရင်းသားများ ထေရ၀ါဒ ဗုဒ္ဒဘာသာဆရာတော်ကြီးများ ဦးဆောင်၍ဖွဲ့စည်းခဲ့သော ပအိုဝ်းဓမ္မကထိကအဖွဲ့က ပအိုဝ်းဘာသာစကားဖြင့် သင်ကြားပို့ချခဲ့သည့် ပအိုဝ်းဓမ္မကထိက သင်တန်းကိုဖွင့်လှစ်လာခဲ့သည်မှာ နှစ်ပရိစ္ဆေဒအားဖြင့် (၃)နှစ်၊ အပတ်စဉ်အားဖြင့် (၇) ကြိမ်ရှိပြီးဖြစ်ပေသည်။ ပအိုဝ်းဓမ္မကထိကသင်တန်းကို အစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ဆက်လက်၍ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
ပအိုဝ်းဓမ္မကထိကသင်တန်းတွင် ပအိုဝ်းဘာသာဖြင့် ပို့ချပေးမည့် ဘာသာရပ်များမှာ-
၁။မူလမင်းကွန်း တရားအားထုတ်နည်းများ
၂။ မဟာစည် တရားအားထုတ်နည်းများ
၃။ မိုးကုတ် တရားအားထုတ်နည်းများ
၎။ ရှင်ပြု - ရဟန်းခံ နည်းစနစ်များ
၅။ ဥပုသ် - ပ၀ါရဏာပြုနည်းများ
၆။သိမ်နုတ် - သိမ်သမုတ်နည်းများ
၇။ ကထိန်အကြောင်း သိကောင်းစရာများ
၈။ အန္တရာယ်ကင်း - ပရိတ်ကမ္မ၀ါစာ အကြောင်းများ
၉။ ပရိဝါသ် - မာနတ် ဆောက်တည်ပုံနှင့် အဗ္ဘာန်သွင်းပုံများ
၁၀။ သတိပဋ္ဌာန်ကျင့်စဉ်များ
၁၁။ ဓုတင်ကျင့်စဉ်များ
၁၂။ ဟောပြောဖို့ရာ ဓမ္မဒေသနာများ အစရှိသည်တို့ကို သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
ထို့ပြင် နံနက်ပိုင်းနှင့် ညပိုင်းတို့တွင် လက်တွေ့တရားအားထုတ်ကြရမည်ဖြစ်ပြီး၊ လက်တွေ့တရားအားထုတ် ပြီးနောက် သင်တန်းးသားများအလှည့်ကျ မတ်တတ်ရပ်ကာ ကိုယ်တိုင်ဟောပြောခွင့်များကိုလည်း စီစဉ် ပေးထားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ပအိုဝ်းတိုင်းရင်းးသား ဒါယိကာ၊ ဒါယိကာမများအနေဖြင့် ပအိုဝ်းဓမ္မကထိက သင်တန်းဖြစ်မြောက်အောင် ပါဝင်လှူဒါန်းကြပါရန် နိဗ္ဗာန်အကျိုးမြော်၍ နှိုးဆော်အပ်ပါသည်။
သင်တန်းပို့ချပေးမည့်ဆရာတော်များမှာ ဘဒ္ဒ န္တ ၀ရသာမိ ဟွေးသင်ကျောင်းတိုက်၊  ဘဒ္ဒ န္တကောသိယ ပထမတောင်ကျောင်းကြီး စာသင်တိုက်၊ ဘဒ္ဒ န္တ ပညာသီရိ မူလမင်းကွန်းကျောင်းတိုက်၊ ဘဒ္ဒ န္တ ၀ိစိတၱရာလကာၤရ သာသနာလကာၤရ ကျောင်းတိုက်၊ ဘဒ္ဒ န္တ ကောဝိဒါဘိဝံသ ဇ၀နာရာမကျောင်းတိုက်၊ ဘဒ္ဒန္တ ဇဋိလ  လဲုင်းလောင်းကျောင်တိုက်၊ ဘဒ္ဒ န္တ ဥတ္တမ ပင်လဲမ်ကျောင်းတိုက်၊ ဘဒ္ဒ န္တ စန္ဒရ သံလွန်းကျောင်းတိုက်၊ ဘဒ္ဒ န္တ တေဇ၀န္တ မဟာစည်ကျောင်းတိုက်၊ ဘဒ္ဒ န္တ ဥတ္တမ ကန်ကြီးကျောင်းတိုက်၊ဘဒ္ဒ န္တ ခန္တီဓဇ ထီဟန်းဆွေးဆင်တွူးကျောင်းတိုက်၊ ဘဒ္ဒ န္တ သီဟဗလ ကမ္ဘောဇပျသာဒ်ကျောင်းတိုက် ဘဒ္ဒ န္တ စက္ကိန္ဒ၊ လွယ်ခမ်းကျောင်းတိုက်၊ ဘဒ္ဒ န္တ သြဘာသ ၀ိဇ္ဇာတောင်ကျောင်းတိုက်၊ ဘဒ္ဒ န္တစန္ဒာဝရ ပိဋကတ်ပအိုဝ်းဘာသာပြန်ကျောင်းတိုက်၊ ဘဒ္ဒ န္တ သုနန္ဒ ဟွေးဟွမ်းကျောင်းတိုက်၊ ဘဒ္ဒ န္တ ပညာဇောတ ဓမ္မစေတီကုန်းကျောင်းတိုက်၊ ဘဒ္ဒ န္တ သုမန လွယ်တော်ကျောင်းတိုက်၊ ဘဒ္ဒ န္တ ရာဇိန္ဒသီရိ နောင်တောင်းပရဟိတကျောင်းတိုက်နှင့် မြေဖြူကမ္မဌာန်းကျောင်းတိုက်ဆရာတော်တို့မှ (၇) ရက်တိုင်တိုင် ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းဆရာတော်ကြီးများနှင့် သင်တန်းတက်ရောက်သည့် သံဃာတော်များ

ဆွမ်း၊ ခဲဖွယ်အတွက် လှူဒါန်းနိုင်သော အလှူဒါနများမှာ-
၁။ နံနက်ဆွမ်းတစ်နပ်လျှင်    - (၂၀၀၀၀၀) နှစ်သိန်းကျပ်
၂။ နေ့ဆွမ်း တစ်နပ်လျှင်      - (၃၀၀၀၀၀) သုံးသိန်းကျပ်
၃။ ဆွမ်းဟင်းတစ်ဝိုင်းလျှင်    - (၁၅၀၀၀) တစ်သောင်းငါးထောင်ကျပ်
အထက်ပါအတိုင်း တတ်စွမ်းသမျှ လှူဒါန်းလိုပါက အောက်ပါဆရာတော်များနှင့် လူပုဂ္ဂိုလ်များထံတွင် လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

လှူဒါန်းနိုင်သော ဌာနများမှာ -
၁။ ပအိုဝ်းဓမ္မကထိကအဖွဲ့ သြ၀ါဒါစရိယ မြေဖြူကမ္မဌာန်းကျောင်းဆရာတော်
၂။ ပအိုဝ်းဓမ္မကထိကအဖွဲ့ အကျိုးတော်ဆောင် ဦးစန္ဒ၀ရ၊ ဖုန်း - ၀၉. ၄၉၃၆၃၉၇၆
၃။ ပအိုဝ်းဓမ္မကထိကာနုဂ္ဂဟအဖွဲ့ ဥက္ကဌ ဦးထွက်ဝင်း၊ ဖုန်း - ၀၉.၅၂၁၃၄၅၂
၎။ ပအိုဝ်းဓမ္မကထိကာနုဂ္ဂဟအဖွဲ့ အတွင်းရေးမှူး ဦးကျော်ဆန်း ၊ ဖုန်း ၀၉.၃၉၃၅၀၇၅၀ တို့ထံတွင် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ယခင်စတုတ္ထအကြိမ် ပထမပတ်တွင် သင်တန်းတက်ရောက်သော သံဃာတော် (၅၁) ပါး၊ လူပုဂ္ဂိုလ် (၂၁) ဦးဖြစ်ပြီး ယခု ဒုတိယအပတ်တွင် သံဃာတော် (၆၇) ပါး၊ လူပုဂ္ဂိုလ် (၁၈) ဦးတက်ရောက်သင်ယူနေကြောင်း သတင်းရရှိပါသည်။

နန်းမိုးမိုးခိုင် (အွံအား)

Powered by Blogger.