Thursday, February 18, 2016

ရှမ်းပြည်နယ် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၏ပါဝင်မှုအား သုံးသပ်လေ့လာ တင်ပြခြင်းနှင့် ပါတီစုံဆွေးနွေးပွဲကျင်းပ


တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈) ရက်



၂၀၁၆-ခုနှစ် ဖေဖော်ဝါရီလ(၁၇)ရက်နေ့ နံနက်(၈း၃၀)နာရီမှ ညနေခင်း(၁၆း၃၀)အထိ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ROYAL TAUNGGYI HOTEL တွင် DANISH INSTITUTE FOR PARTIES AND DEMOCRACY(DIPD)မှ ဆရာရန်လင်းအောင် ဆရာမခင်သဇင်မြင့်နှင့် ဆုမွန်အောင်တို့ ဦးစီးဦးဆောင်မှုဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၏ပါဝင်မှုအား သုံးသပ်လေ့လာတင်ပြခြင်းနှင့် ပါတီစုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ယင်းဆွေးနွေးပွဲသို့ ဖိတ်ကြားထားသော နိုင်ငံရေးပါတီ (၁၈)ပါတီမှ အင်းတိုင်းရင်းသားအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ဓနုအမျိုးသားများအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ၊ ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသားဖွံဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ (၁၄)ပါတီ တက်ရောက်ခဲ့ပြီး ပါတီကိုယ်စားလှယ်(၃၂)ဦး တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးပွဲတွင် လွန်ခဲ့ပြီးသော ရွေးကောက်ပွဲရဲ့ အခြေအနေများ သင်ခန်းစာများ အတွေ့အကြုံများ အရပ်ဖက်အဖွဲ့အစည်းများ၏ ပါဝင်လှုပ်ရှားမှုများ အမျိုးသ္မီးများရဲ့အခန်းကဏ္ဍများ အားနည်းချက်များ အားသာချက်များ အကြံပြုချက်များ တိုင်းပြည်ပြောင်းလည်းမှု အခြေအနေများ၊ နိုင်ငံရေးတွင် လူငယ်နှင့် အမျိုးသ္မီးများ ပိုမိုပါဝင်လာအောင် လုပ်ဆောင်ခြင်း နည်းလမ်းများ နိုင်ငံရေးပါတီနှင့် UEC  နိုင်ငံရေးပါတီနှင့် မီဒီယာ ဆက်ဆံရေးအခြေအနေများ နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ အလေးထား ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး နောက်နှောင်ရွေးကောက်ပွဲများတွင်  မိမိတို့ရဲ့အားနည်းချက်များကို သင်ခန်းစာများရယူပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင့် ဒီမိုကရေစီစနှစ်နှင့် ဖက်ဒရယ်စနစ်သည်သာလျင် စစ်မှန်သော ပြည်ထောင်စု တိုင်းရင်းသားများ အားလုံးအတွက် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ရှမ်းပြည်နယ် ပါတီကိုယ်စားလှယ်များ အချင်းချင်း အကျယ်တ၀င့် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ



Powered by Blogger.