Monday, June 27, 2016

မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်






ကျောက်တလုံးကြီးမြို့နယ်၊ နောင်ပစ်ကျေးရွာအုပ်စု၊ ပုံဆွေပင်ဘုန်းတော်ကြီးကျောင်းအတွင်း၌ ၂၀၁၆-ခုနှစ်၊ ဇွန်လ(၂၇)ရက် မနက် (၁၀)နာရီချိန်တွင် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ကျောက်တလုံးကြီးမြို့နယ်၊ မြို့နယ်ဥက္ကဌ ဖြားဆရာခွန်ယွန်းမှ   အဖွင့်အမှာစကားပြောကြားပြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ အတွင်းရေးမှူး(၄)ဖြားဆရာကိုးမှ မူးယစ်ဆေးဝါးနှင့်ပက်သက်၍ အသိပညာများ ဟောပြောခဲ့ရာ၊ ကျောက်တလုံးကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အတွင်းရေးမှူး ဆရာခွန်မောင်ဗုတ်မှ မူးယစ်ဆေးဝါး ပပျောက်ရေးဟောပြောပွဲ လုပ်ဆောင်ရသည့် အကြောင်းရင်းကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ဗဟိုဌာနချုပ်ရုံးရှိ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာန၊ ဌာနမှူးခွန်ဆောင်းရွှေမှ သဘာဝပတ်ဝန်းကျင်နှင့်ပက်သက်ပြီး ထိန်းသိမ်းသင့်သည့် အကြောင်းအရာများကှို ရှင်းလင်းဟောပြောခဲ့ရာ သစ်ပင်ပန်းမန်များကိုလည်း ပြန်လည်စိုက်ပျိုးရန် လိုအပ်ကြောင်းကို တိုက်တွန်းခဲ့ပြီး ဒေသခံများကိုယ်စား ဖြားပန်းရွှေမှ ကျေးဇူးတင်စကားပြောကြားကာ အခန်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
အဆိုပါ အခမ်းအနားကို ဒေသခံပြည်သူများ ၁၅၀ ခန့် တက်ရောက်လာခဲ့ပြီး ကျန်ရှိသည့်နေရာများတွင်လည်း ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခွန်ပိုခို

Powered by Blogger.