Monday, June 27, 2016

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ (၂၇) ရက်


ရှမ်းပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်း၍ ၂၀၁၆ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့၊ တနင်္ဂနွေနေ့၊ ရှမ်းပြည်နယ်တောင်ပိုင်း အဝေရာမီးပုံးပျံကွင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွှဲသုံးစားမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနား ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မူးယစ်ဆေးဝါးအလွှဲသုံးစားမှု၊ တရားမ၀င်ရောင်းဝယ်မှုနှင့် ပတ်သက်၍ တက်ရောက်အမှာ စကားပြောကြားခဲ့သည်။ ထို့သို့ ပြောကြားရာတွင် မူးယစ်ဆေးဝါးဖမ်းဆီးမှုနှင့်ပတ်သက်၍  လွန်ခဲ့သော ၂၀၁၃ခုနှစ်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၌ အမေရိကန်ဒေါ်လာ(၆၄)သန်း၊ ၂၀၁၄ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၈၈)သန်း၊ ၂၀၁၅ခုနှစ်တွင် အမေရိကန် ဒေါ်လာ(၈၂)သန်း၊ ၂၀၁၆ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၁)သန်းကျော်ရှိ တန်ဖိုးများကို ဖမ်းဆီးမီးရှို့နိုင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများကို လူထုလူတန်း စားအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ လက်ရှိအနေအထားနှင့် ပိုမိုပါဝင်ကြရန် အချိန်တန်ပြီ ဖြစ်ကြောင်း ပြောကြားသွားပါသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ သူနာပြု/သားဖွားဆရာ/မများ၊ ရှေ့နေအသင်း၊ ကုန်သည်ကြီးအသင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ မီးသတ်ဖွဲ့ဝင်များ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ဗဟိုဌာချုပ်ရုံးရှိ ဖတ်ကြားခံလူကြီးမင်းများ၊ ရှမ်းပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံတိုင်းရင်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

နင်;ရက်ခမ်းထီ



Powered by Blogger.