Wednesday, July 6, 2016

တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်က နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်ကို သင်ထောက်ကူပစ္စည်းနှင့် အလှူငွေကျပ်သိန်း(၅၀)လှူဒါန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်




ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသ ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စု၊ နောင်တောင်းပရဟိတ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတိုက်ကို ရန်ကုန်မြို့ရှိ တော်ဝင်ဖွံဖြိုးရေးဖောင်ဒေးရှင်းမှ (၅-၇-၂၀၁၆) ရက်နေ့တွင် ကျောင်းအတွက် သင်ထောက်ကူပစ္စည်းနှင့် လစဉ်အလှူငွေ ကျပ်သိန်း(၅၀) လှူဒါန်းခြင်း အခမ်းအနားပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အခမ်းအနားတွင် နမောတဿ(၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပြီး သင်ထောက်ကူပစ္စည်းနှင့် အလှူငွေသိန်း(၅၀)ကျပ်ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်နှင့် ဒေသဦးစီးအဖွဲ့မှ ဦးခွန်မောင်ပယ်တို့က တစ်ဆင့် လှူဒါန်းပေးခဲ့ပါသည်။ ထို့နောက် ဒေသဦးစီးဥက္ကဌ ဦးခွန်စံလွင်က ကျောင်းသား/သူများအား အားပေးအမှာစကား ပြောကြားပြီး နောင်တောင်းဆရာတော် အရှင်ဘဒ္ဒန္တရာဇိန္ဒသီရက ပရဟိတဘုန်းတော်ကြီးသင်ပညာရေး လာရောက်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်အမှာစကား ဟော်ကြားကာ ဗုဒ္ဓသာသနံ စီရံတိဌတု (၃)ကြိမ် ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

ခွန်စနေအောင်(ဟိုပုံး)


Powered by Blogger.