Wednesday, August 31, 2016

အထူးဒေသ(၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သူရိယခမ်းမူးယစ်ဆေးဝါးပပျောက်ရေးဟောပြောပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်




၂၀၁၆-ခုနှစ်၊ သြဂုတ်လ(၂၁)ရက်နေ့ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားတပ်မတော်PNA၊PNO-အသွင်ပြောင်းပြည်သူ့စစ်ဌာနေတပ်ဖွဲ့မှဦးဆောင်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နောင်ယာဆိုင်းကျေးရွာတွင် မူးယစ်ဆေးဝါးပပျောက်ရေးနှင့် စိတ်ပြောင်းလဲစေတတ်သော ဆေးဝါးများ ပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်တွေ့ဆုံပွဲကိုနံနက် (၁၀း၃၀း) အချိန်တွင် ထပ်မံပြုလုပ် ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အထူးဒေသ(၆)သူရိယခမ်း လွယ်မော်တန်မြို့နယ်ဥက္ကဌ ဖြားအောင်သုခမှအဖွင့်အမှစကားပြောကြားပေးခဲ့ပြီး မူးယစ်ဆေးဝါးပပျောက်ရေးအကြောင်းကို ပအိုဝ်း အမျိုးသားတပ်မတော်PNA၊ ဗဟိုစစ်ကော်မတီဒုဥက္ကဌဗိုလ်မှူးကြီးပီတာထွန်းနိုင်၊ ဒုဗိုလ်မှူးကြီးခွန်ဂျိုးဇက်၊ ဗိုလ်မှူးခွန်ဝင်းရွေ၊ဗိုလ်မှူးခွန်ကီး ဗိုလ်မှူးခွန်မြအောင်၊ ဗိုလ်ကြီးခွန်ဥာဏ၊ ဗိုလ်ကြီးခွန်အောင်ကျော်တို့မှ အကျယ်တ၀င့်ဟောပြောပေးခဲ့ပြီး ရပ်မိရပ်ဖကိုယ်စား ဆရာခက်မှ ကျေးဇူးတင်စကားပြောကြားပေးခဲ့သည်။ နောင်ယာဆိုင်း ကျေးရွာဟောပြောပွဲတွင် ဒေသခံမိဘပြည်သူများ (၆၀၀)ရာကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.