တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်
၂၀၁၆-ခုနှစ်၊
သြဂုတ်လ(၂၄)ရက်နေ့ အထူးဒေသ(၆) ပအိုဝ်းအမျိုးသားတပ်မတော်PNA၊ PNO-အသွင် ပြောင်းပြည်သူ့စစ်ဌာနေတပ်ဖွဲ့မှဦးဆောင်ပြီး
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထမ်းယမ်းကျေးရွာတွင် မူးယစ်ဆေးဝါးပပျောက်ရေးနှင့်
စိတ်ပြောင်းလဲစေတတ်သော ဆေးဝါးများပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် တွေ့ဆုံပွဲကို
နံနက်(၁၀း၀၀)နာရီအချိန်တွင် ထပ်မံ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင်
အထူးဒေသ(၆)သူရိယခမ်း လွယ်မော်တန်မြို့နယ်ဥက္ကဌ ဖြားအောင်သုခမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး
မူးယစ်ဆေးဝါးပပျောက်ရေးအကြောင်းကို ပအိုဝ်းအမျိုးသားတပ်မတော်PNA၊ ဗဟိုစစ်ကော်မတီ ဒုဥက္ကဌဗိုလ်မှူးကြီးပီတာထွန်းနိုင်၊
ဒုဗိုလ်မှူးကြီး ခွန်ဂျိုးဇက်၊ ဒုဗိုလ်မှူးကြီးခွန်ချစ်လယ်၊ ဗိုလ်မှူးခွန်ဝင်းရွေ၊
ဗိုလ်မှူးခွန်ကီး ဗိုလ်မှူးခွန်မြအောင်၊ ဗိုလ်ကြီးခွန်ဥာဏ၊ ဗိုလ်ကြီးခွန်အောင်ကျော်တို့မှ
အကျယ်တ၀င့် ဟောပြောပေးခဲ့ပြီး ရပ်မိရပ်ဖကိုယ်စား ဆရာဗိုလ်လေးမြမောင်မှ ကျေးဇူးတင်စကားပြောကြားပေးခဲ့သည်။
ဟောပြောပွဲတွင် ဒေသခံ မိဘပြည်သူများ (၈၀၀)ရာကျော် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခွန်အောင်ထွိုက်ဗွေ
Like On Facebook
Follow On Twitter
Subscribe On RSS