Wednesday, August 31, 2016

University College London Professor Marie Lall မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့် လာရောက်တွေ့ဆုံ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်




၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်၊ ဗုဒ္ဓဟူးနေ့ ၊ နံနက် (၉း၃၀)အချိန်တွင် UCL (University College London) Professor Marie Lall မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆရာအတတ်သင် ဒီပလိုမာပညာရေးကောလိပ်နှင့် နွေရာသီ ပအိုဝ်းတိုင်းရင်းသား စားပေသင်ကြားရေးဆိုင်ရာများကို သုသေသနပြုရန်နှင့် မဟာဝိဇ္ဇာဘွဲ့စာတန်းရေးရန်အတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံးတွင် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအား လာရောက်တွေ့ဆုံခဲကြောင်း သိရှိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် UCL (University College London ) Professor Marie Lall  PhD FRSA Chair in Education and South Asian Studies၊ Pro-Vice-Provost (South Asia) Department of Education, Practice and Society  က ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး  ဦးစောခွန်ကျော်ဝင်း၊ ပအိုဝ်းစာပေသင်ကြားရေးကြီးကြပ်မှု ကော်မတီ နာယက ဆရာဦးအုန်းငွေ ၊ Pa-O SAZ ပညာရေးကောလိပ် ကျောင်းကော်မတီ အတွင်းရေးမှူး ဆရာခွန်မောင်ဘော်၊  ပအိုဝ်းစာပေသင်ကြားရေးကြီကြပ်မှု ကော်မတီ အတွင်းရေးမှူး ခွန်တိုးယံ၊ ပအိုဝ်းစာပေသင်ကြားရေး ကြီကြပ်မှု ကော်မတီ ရုံးအဖွဲ့မှူး ခွန်ကျော်ရွှေ၊ ပအိုဝ်း အမျိုးသမီးပညားရေ ဖောင်ဒေရှင်း ဘဏ္ဍရေးမှူး ဒေါ်နန်းကျင်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ နိုင်ငံတကာ ဆက်ဆံရေးဌာန ခွန်လှစိုး တို့ထံမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆရာအတတ်သင်ပညာရေး ကောလိပ်ကျောင်းနှင့် နွေရာသီ ပအိုဝ်းစာပေသင်ကြားရေးဆိုင်ရာအကြောင်းအရာများကို အကျယ်တ၀င့် ဆွေးနွေးခဲ့ပါသည်။ ထို့နောက် Marie Lall မှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆရာအတတ်သင်ဒီပလိုမာ ပညာရေးကောလိပ်ကျောင်းရှိရာ တပေါင်းကွင်း (ဘတ်စုံဖွံ့ဖြိုးရေးကွင်း)သို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး

Powered by Blogger.