Wednesday, September 21, 2016

(၄၁)နှစ်မြောက် ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုပွဲပြုလုပ်ကျင်းပ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်










အထူးဒေသ(၆) တောင်ကြီးမြို့နယ် ပင်တွန်ကျေးရွာအုပ်စု ပင်တွန်ကျေးရွာ ပအိုဝ်းအမျိုးသား အာဇာနည် ခေါင်းဆောင်ကြီးများ တောင်ကုန်းပေါ်တွင် အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်များအား ရည်စူး၍ ပအိုဝ်းအမျိုးသားတပ်မတော်PNA၊ PNO-အသွင်ပြောင်းပြည်သူ့စစ်ဌာနေ တပ်ဖွဲ့မှဦးဆောင်ပြီး (၄၁)နှစ်မြောက် ပအိုဝ်းအမျိုးသား အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ဂုဏ်ပြုပွဲကို မြန်မာသက္ကရာဇ် ၁၃၇၈-ခုနှစ်၊ တော်သလင်းလဆုတ် (၅)ရက်၊ ၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်နေ့ နံနက်(၉း၀၀)နာရီအချိန်တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဂုဏ်ပြုပွဲတွင် အာဇာနည်ခေါင်းဆောင်ကြီးများအတွက် ပအိုဝ်းအမျိုးသားတပ်မတော် ဂုဏ်ပြုတပ်ဖွဲ့မှ ပအိုဝ်းအမျိုးသားအလံတော်ကို အလေးပြုခြင်း အမျိုးသားအတွက် တာဝန်ပြီးဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး ဖြစ်သည့် ဦးလှဖေ၊ ဗိုလ်ချုပ်စံသိန်း၊ ဗိုလ်ကြီးထွန်းရီ၊ ဗိုလ်မှူးအယ်စံဝင်း၊ ရဟန်းတကာဦးချိန်၊ ဗိုလ်မှူးစံထွန်းအစရှိသည့် အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့် အာဇာနည်ရဲဘော်များကို လွမ်းဆွတ်တမ်းတ သတိရသောအားဖြင့် ပအိုဝ်းအမျိုးသားတပ်မတော် ခေါင်းဆောင်ကြီးများနှင့် ကြွရောက်လာကြသော ရပ်မိ ရပ်ဖများက တစ်မိနစ်စာငြိမ်သက်စွာ အလေးပြုခဲ့ပါသည်။
ထို့နောက်ကျဆုံးလေပြီးသော ပအိုဝ်းအမျိုးသား အာဇာနည်ပုဂ္ဂိုလ်ကြီးများအား ရည်စူး၍ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ၊ ပအိုဝ်းအမျိုးသားတပ်မတော်(PNA) ဗဟိုတပ်ဖွဲ့၊ ပအိုဝ်းစာပေနှင့်ည ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်(PDN)၊ အထူးဒေသ(၆) သူရိယခမ်း အဖွဲ့များ၊ မြင့်မိုရ်ခမ်းအဖွဲ့များ၊ ခွန်ဖြားဗွာခမ်းအဖွဲ့များ၊ စန္ဒာခမ်းအဖွဲ့များ၊ သုဝဏ္ဏခမ်းအဖွဲ့များ ရပ်မိရပ်ဖ မိဘပြည်သူများက လွမ်းသူ ပန်းခွေတို့ဖြင့် ဂုဏ်ပြုခဲ့ကြပြီး၊ နေ့လည်(၁း၀၀)နာရီအချိန် ဆီဆိုင်မြို့နယ် ဇ၀နာ ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒအထံတွင် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြပြီး အာဇာနည်ပုဂ္ဂိုလ်ကြီးများ ဂုဏ်ပြုပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး  ဦးအောင်ခမ်းထီ ဦးဆောင်သောအဖွဲ့နှင့် ဒေသပေါင်းစုံ မိဘပြည်သူများ တစ်ထောင်ကျော်တက်ရောက်၍ အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။

ခွန်အောင်ထွိုက်ဗွေ

Powered by Blogger.