Thursday, September 15, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) နှင့် The Leprosy Mission Myanmar အဖွဲ့တို့ပူးပေါင်းပြီး ဒူးအောက်ပိုင်းခြေတုတပ်ဆင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်






ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ပအိုဝ်းလူငယ်ကွန်ယက် (PYN) နှင့် The Leprosy Mission Myanmar အဖွဲ့တို့ပူးပေါင်းပြီး ဒူးအောက်ပိုင်းခြေတုတပ်ဆင်ပေးခြင်းလုပ်ငန်းများကို ပထမအကြိမ်အနေဖြင့် တောင်ကြီးမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ၉.၆.၂၀၁၆မှ ၁၀.၈.၂၀၁၆ ထိ ခြေတုလိုအပ်သူ (၂၃) ဦးကို တပ်ဆင်ပေးနိုင်ခဲ့ပြီးဖြစ်သည်။ ယခု ဒုတိယအကြိမ်အနေဖြင့် လွိုင်လင်မြို့ ကတ်သလစ်အသင်းတော်တွင် ၁၅.၈.၂၀၁၆မှ ၁၅.၁၀.၂၀၁၆ ထိ (၂)လ တိုင်တိုင်အခမဲ့ တပ်ဆင်ပေးသွားမည်ဖြစ်သည်။ ဒုတိယအကြိမ် အနေဖြင့် ခြေတုလိုအပ်သူ (၁၆)ဦးကို တပ်ဆင်ပေးနိုင်ပြီဖြစ်ပြီး ကျန်ရှိနေသေးသောခြေတုလိုအပ်သူများကို ဆက်လက်တပ်ဆင်ပေးသွားမည်ဖြစ်သည်။ တတိယအကြိမ်အနေဖြင့် ဆီဆိုင်မြို့နယ်တွင်လည်း (၂)လ တိုင်တိုင် ဆက်လက်တပ်ဆင်ပေးသွားရန်ရှိကြောင်း ပအိုဝ်းလူငယ်ကွန်ယက် (PYN) ဗဟိုရုံးတာဝန်ခံ ခွန်စိုးမောင်ထံမှသတင်း ရရှိပါသည်။ ဒူးအောက်ပိုင်းခြေတုလိုအပ်သူများ ဆက်သွယ်နိုင်ရန်ဖုန်းများမှာ ပအိုဝ်းလူငယ်ကွန်ယက်(PYN)၊ ဗဟိုရုံးတာဝန်ခံ၊ ခွန်စိုးမောင် ဖုန်း-၀၉၇၉၆၂၆၄၇၀၅၊ ခြေတုပညာရှင် ဆရာမ နော်ဇင်မာဝင်း ဖုန်း-၀၉၇၉၃၁၅၃၁၈၁ တို့ဖြစ်ပါသည်။

ခွန်ခမ်းနောဝ်

Powered by Blogger.