Wednesday, September 14, 2016

အခြေခံစီးပွားရေး စီမံခန့်ခွဲခြင်းဆိုင်ရာသင်တန်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်





၂၀၁၆-ခုနှစ်၊ မတ်လလယ်မှစ၍ ကနေဒါအစိုးရ၏ ထောက်ပံ့မှုဖြင့် ပါရမီ ဖွံ့ဖြိုးရေးကွန်ယက်နှင့် MEDA အဖွဲ့တို့သည် ကျေးလက်အမျိုးသမီးများအတွက် ဈေးကွက်အခွင့်အလမ်းများဆိုင်ရာ စီမံကိန်းကို ပူးပေါင်း အကောင်အထည်ဖော်နေပါသည်။ စီမံကိန်းသည် တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၈)ရွာတွင် စတင်အကောင်အထည်ဖော်ကာ ၎င်းကျေးရွာများဖြစ်ကြသော ထီဖောင်း(တောင်)ရွာ၊ ထီဖောင်းမြောက်ရွာ၊ ထီဖောင်းအလယ်ရွာ၊ ပလီလင်းရွာ၊ ထီဝေါရွာ၊ ပင်ငိုရွာ၊ မောက်ဝေါက်ရွာနှင့် မူးယားရွာတို့ပါဝင်ပါသည်။ စီမံကိန်းသည် ကျေးရွာရှိ အမျိုးသမီးများအတွက် လိုအပ်သော စာရင်းမှတ်သားခြင်းဆိုင်ရာ နည်းပညာများ၊ ကျားမရေးရာ အသိပညာများ၊ ငွေစုငွေချေးဆိုင်ရာ ဖွဲ့စည်းမှုစွမ်းရည်များ၊ ရေဝေရေလဲဧရိယာတွင် သစ်တောများ စိုက်ပျိုးခြင်း စသည့် လှုပ်ရှားမှုများကို လှုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်။
၂၀၁၆-ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိတွင် ပါရမီ ဖွံ့ဖြိုးရေးကွန်ယက်မှ စီမံကိန်း ကျေးရွာရှိ စီမံကိန်းကော်မတီမှ သင်တန်းသား(၂၈)ဦးကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရုံးတွင် အခြေခံ စီးပွားရေး စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းကို (၃)ရက်တိတိ သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသည် (၁) အခြေခံစီးပွားရေး လည်ပတ်မှုပုံစံကို သိရှိရန် (၂) စာရင်းဇယားမှတ်သားခြင်း၏ အရေးပါမှုကို သိရှိစေရန်၊ (၃) စွန့်ဦးတီထွင်သူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော အရည်အချင်းများကို သိရှိစေရန် (၄) ဈေးကွက်၏ သဘောတရားများကို သိရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ကြောင်း သိရှိရပါသည်။
နောက်ဆက်တွဲစီမံကိန်းများတွင် စိုက်ပျိုးရေးနှင့်ဆိုင်သော (၁) မျိုးကောင်းရွေးချယ်ခြင်းဆိုင်ရာသင်တန်း၊ (၂) မြေပြုပြင်ခြင်းဆိုင်ရာသင်တန်းများ၊ (၃) စိုက်ပျိုးထိန်းသိမ်းနည်းဆိုင်ရာ သင်တန်းနှင့် ရိတ်သိမ်းချိန်လွန် နည်းပညာ သင်တန်း စသည့်သင်တန်းများ ဆက်လက်ဖွင့်လှစ်ရနှ်ရှိကြောင်း သတင်းရရှိပါသည်။

ခွန်မွူးရောင်;

Powered by Blogger.