Sunday, September 18, 2016

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဦးဆောင်၍ Start and Imrove Your Business –SIYB အခြေခံ စီးပွားရေးသင်တန်း အမှတ် (၁)ကို အောင်မြင်စွာ သင်ကြားပို့ချ နိုင်ခဲ့ကြောင်း

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ဗဟိုဌာနချုပ်ရုံး၊ လေ့ကျင့်ပညာပေးရေးဌာနမှ ဦးဆောင်၍ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ Start and Improve Your Business –SIYB အခြေခံ စီးပွားရေးသင်တန်း အမှတ်စဉ် (၁)ကို  ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်၊ ကြာသပတေးနေ့ ညနေ(၄း၃၀) အချိန်တွင် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး (ဒဲဉ်သီးဗွေ)ကွင်းတွင် အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အခမ်းအနားကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုဌာနချုပ်ရုံး၊ ရုံးအဖွဲ့မှူး စောခွန်ကျော်ဝင်းမှ တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင်-ယခုသင်းတန်းကို သင်ယူလျက်ရှိသော သင်တန်းသူ/သားများအနေနှင့် သင်ယူတတ်မြောက်ပြီးသော အတတ်ပညာကို လက်တွေ့ကျကျ သော်လည်ကောင်း မိဘများ၏ လုပ်ငန်းခွင်အတွင်း ပြန်လည်အသုံးပြုစေလိုကြောင်း၊ မိမိဒေသတွင် ပညာရေးဖွံ့ဖြိုးတိုးတတ်မှုတစ်ခုတည်းနှင့်  မပြည်စုံသေးသဖြင့် စီးပွားရေးအပါအ၀င် အခြားကဏ္ဍရပ်များ ဘက်စုံဖွံ့ဖြိုးတိုးတတ်လာအောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပအိုဝ်းအမျိုးသားဘက်စုံ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကိုလည်း အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရှင်လင်းပြောကြားသွားခဲ့ပါသည်။ အဆိုပါ Start and Improve Your Business –SIYB အခြေခံ စီးပွားရေးသင်တန်း အမှတ်စဉ် (၁) ကို သင်တန်းသူ(၁၁)ဦး၊  သင်တန်းသား(၇)ဦး၊ စုစုပေါင်း (၁၈)ဦးကို အောင်မြင်စွာ သင်ကြားပို့ချနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ခွန်ဒဒါဒါး
Powered by Blogger.