Sunday, September 18, 2016

ကျားမတန်းတူညီမျှမှု သင်တန်းဖွင့်လှစ်

တောင်ကြီး၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်




၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက် န၀ရက်ခန်းမတွင် အခရာအမျိုးသမီးအဖွဲ့နှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်  (PNO)တို့ ပူးပေါင်းကျင်းပပြုလုပ်သော ကျားမတန်းတူ ညီမျှမှု သင်တန်းကို (၁၈-၉-၂၀၁၆ မှ ၁၉-၉-၂၀၁၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ၎င်းသင်တန်းကို PNO၊ PYN၊ PWO၊ PYO၊ UPNO၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ ပါရမီဖွံ့ဖြိုးရေးကွန်ယက်၊ နောင်တောင်ပရဟိတအဖွဲ့၊ ပအိုဝ်းအမျိုးသမီး ပညာရေးဖောင်ဒေးရှင်းအဖွဲ့၊ ရှမ်းတောင်အမျိုးသမီးကွန်ယက်အဖွဲ့၊ အလင်းအိမ်အဖွဲ့နှင့် တောင်ကြီးမြို့နယ် ဒေသခံအမျိုးသမီးများ စုစုပေါင်း (၂၉)ဦး တက်ရောက်ပြီး Sexuality, Gender and Women in Decision Making  စသည့်ခေါင်းစဉ်ဖြင့် အပြန်အလှန် အသိပညာဗဟုသုတ၊ အမြင်များ၊ ခံယူချက်များ၊ အတွေ့အကြုံ များကို အကျယ်တ၀င့် ဆွေးနွေးဖလှယ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

နန်းအွဉ်ရက်ခွို,

Powered by Blogger.